DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၁၈၇ ရောဂါပိုးကင်းစင်၍ ဘားအံပြည်သူ့ဆေးရုံကြီးမှ ဆင်းခွင့်ရ
DVB
·
June 24, 2020
လူနာအမှတ် ၁၈၇ ရောဂါပိုးကင်းစင်၍ ဘားအံပြည်သူ့ဆေးရုံကြီးမှ ဆင်းခွင့်ရ
Donate to DVB

ဘားအံပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၁၈၇ ဟာ ရောဂါပိုးကင်းစင်ခဲ့တဲ့အတွက် ဇွန် ၂၃ ရက်နေ့ နေ့လယ်ပိုင်းမှာ ဆေးရုံကနေ ဆင်းခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။

လူနာအမှတ် ၁၈၇ ဟာ မလေးရှားကနေ ပြန်လည်ဝင်ရောက်လာသူဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် စောင့်ကြည့်ဆေးကုသမှုခံယူနေရာက ဒုတိယမြောက် ရောဂါပိုးကင်းစင်ခဲ့လို့ ဆေးရုံကနေ ဆင်းခွင့်ရရှိပါတယ်။

လူနာအမှတ် ၁၈၇ ရဲ့ ကျန်းမာရေးကို စိတ်ပူခဲ့ရသလို့ ဓာတ်ခွဲနမူနာကို ၆ ကြိမ်ရယူခဲ့ရတယ်လို့ တာဝန်ခံ ဆရာဝန်ကြီးက ပြောပါတယ်။

ဘားအံမြို့၊ ပြည်သူ့ဆေးရုံကြီး၊ ဆေးပညာအထူးကုဆရာဝန်ကြီး၊ ဒေါက်တာ ချိုချိုစန်းထူးက “Positive ထပ်ထပ်ဖြစ်တဲ့အခါကျတော့ နည်းနည်းတော့စိတ်ပူတယ်။ စိတ်ပူပေမဲ့ အလွယ်တကူတော့ ကျော်ဖြတ်သွားနိုင်တယ်။ အသက်ရှူစက်တင်ရတဲ့အထိ ကံကောင်းထောက်မစွာ မရလိုက်ဘူး” လို့ ဆိုပါတယ်။

လူနာအမှတ် ၁၈၇ ကိုပိုင်စိုးက “ရောဂါပိုးတွေ့ရှိပြီးတဲ့နောက် စိတ်မကောင်းဖြစ်ခဲ့ရသလို စိတ်ဓာတ်တွေ ကြံ့ခိုင်အောင် ပြင်ဆင်ခဲ့ရတယ်” လို့ ပြောပါတယ်။

လူနာအမှတ် ၁၈၇ ဟာ ဆက်လက်ပြီး သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ Quarantine စခန်းကို ထပ်မံဝင်ရောက်ရမှာ ဖြစ်ပါတယ်။

ဆေးကုသမှုအတူခံယူနေတဲ့ လူနာအမှတ် ၁၈၆ ဟာ ရောဂါကင်းစင်ခဲ့တဲ့အတွက် ဇွန် ၁၅ ရက်နေ့က ပထမဆုံး ဆေးရုံဆင်းခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။

ဇွန် ၁၉ ရက်နေ့က Immigration Detention Center(IDC) ကနေ ပြစ်ဒဏ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသူတွေထဲက ရောဂါပိုးတွေ့ရှိခဲ့သူ ၁ ဦးသာ ဘားအံမြို့၊ ပြည်သူ့ဆေးရုံကြီး သီးသန့်လူနာထားရှိတဲ့ (Isolation Unit)မှာ ဆေးကုသမှုတွေ ဆောင်ရွက်ပေးထားပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013