DVB Logo
Home
မြန်မာသတင်း
နာမည်ကြီးနေသည့် ရခိုင်လူငယ်အဆိုတော် SHINE ရဲ့ အာရ်အဲန်ဘီသီချင်းသစ်-“1990” (ရုပ်သံ)
DVB
·
June 23, 2020
နာမည်ကြီးနေသည့် ရခိုင်လူငယ်အဆိုတော် SHINE ရဲ့ အာရ်အဲန်ဘီသီချင်းသစ်-“1990” (ရုပ်သံ)
Donate to DVB

အာရ်အဲန်ဘီသီချင်းတွေနဲ့ ထူးခြားဆန်းသစ်တဲ့ ပုံစံတမျိုးနဲ့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့တဲ့ ရခိုင်လူငယ်အဆိုတော် SHINE ရဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။

ဒီသီချင်းရဲ့ နာမည်ကိုတော့ “1990” လို့ အမည်ပေးထားခဲ့ပြီး အဖေနဲ့ပတ်သက်ပြီး ရေးသား ဖန်တီးထားခဲ့ကာ တခြားသီချင်းတွေနဲ့မတူတဲ့ ထူးခြားမှုကို ခံစားကြရမှာ ဖြစ်ပါတယ်။

“ကျနော်ဟာ ၂၀၂၀ ခုနှစ် လူငယ်တယောက်ပေါ့… အဖေဆို ၁၉၉၀ လူငယ်တ ယောက်နော်… အဖေ ကျနော့်အရွယ်တုန်းက ဘယ်လိုနေမလဲပေါ့… ကျနော် စဉ်းစားမိတယ်… ပူပင်စရာ သိပ်မလိုလားတဲ့ လူငယ်လေးလား… ဒါမှမဟုတ်… ရည်ရွယ်ချက်များနဲ့ အိပ်မက်တွေအတွက် ကြိုးစားနေမလား… ပြေးကြည့်ချင်ခဲ့… အဖေ ငယ်တုန်းက ခုနှစ်တွေထဲ”

The Old You ၊ အဆိုတော် နီနီခင်ဇော်နဲ့ တွဲဖက်သီဆိုခဲ့တဲ့ Summer သီချင်းတွေနဲ့ နာမည်ကြီးတဲ့ SHINE ဟာ ၂၀၁၈ ခုနှစ်ကတည်းက Perfect အမည်နဲ့ တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့သူဖြစ်ပြီး လူငယ်ပရိသတ်တွေကြား ထင်ရှားတဲ့ တေးသံရှင်တယောက် ဖြစ်ပါတယ်။

မနှစ်က ရုံတင်ပြသခဲ့တဲ့ နာမည်ကြီး ရုပ်ရှင်ကား-ထာဝရနှောင်ကြိုး-Now & Ever ထဲမှာ ပါဝင်သီဆိုခဲ့တဲ့ လူယောင်ဆောင်သီချင်းကတော့ သူ့ကို ပိုမိုလူသိများစေတဲ့ သီချင်းတပုဒ် ဖြစ်လာခဲ့တာပါ။

“အဖေ့ရဲ့ နုနယ်စဉ်တုန်းက အချိန်တွေမှာ… သားလောက် မျက်ရည်လွယ်လား… Ah… ဘဝရဲ့ အတွေ့အကြုံတွေ… အဆုံးအမ ယူချိန်မှာ… အမြဲတမ်း ခေါင်းကို မော့နေခဲ့သလား… ဒီကမ္ဘာမြေထဲက ပေါင်းသင်းရခက်တဲ့ အပြုံးတုတွေအောက်… အဖေ ဒူး ထောက် အရှုံးပေးချင်စိတ်များ ရှိခဲ့လား… ဆုံးဖြတ်ရခက်တဲ့ လမ်းကြောင်းတွေနောက်… တယောက်တည်း လျှောက်ဖို့ သတ္တိတွေ… လုံလောက်ခဲ့ရဲ့လား”

လတ်တလော ထွက်ရှိလာခဲ့တဲ့ ဒီသီချင်းကိုတော့ SHINE က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေပေးထားခဲ့တာဖြစ်ပြီး ပရိသတ်တွေကရော အနုပညာရှင်တွေကပါ အားပေးမှုတွေ၊ ချီးကျူးမှတ်ချက်တွေ ပေးထားခဲ့ကြတာကို တွေ့ရပါတယ်။

လူငယ်ဒါရိုက်တာ တယောက်ဖြစ်တဲ့ ထူးပိုင်ဇော်ဦးကတော့ “This song is one of the Good things happening in 2020 !Amazing bro ️ RespectLove it !!!”လို့ ရေးခဲ့တာကို တွေ့ရပါတယ်။

အဆိုတော် ထျန်ခေးကတော့ “ကောင်းလိုက်တာ ညီလေး… မချီးကျူးပဲမနေနိုင်လို့ Share ထားတယ်”လို့ မှတ်ချက်ရေးခဲ့ပြီး ပရိသတ်အချစ်တော် အဆိုတော် ဘန်နီဖြိုးက လည်း “What a beautiful song bro ... ️ love this one so much *B*”လို့ ရေး သားထားခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ ဒီသီချင်းရုပ်သံကို ရက်ပိုင်းအတွင်း အင်တာနက်ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၃ သိန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013