DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုအဆင့် JMC-U အစည်းအဝေး ဇူလိုင်လဆန်း ပြန်လည်ကျင်းပမည်
DVB
·
June 23, 2020
ပြည်ထောင်စုအဆင့် JMC-U အစည်းအဝေး ဇူလိုင်လဆန်း ပြန်လည်ကျင်းပမည်
Donate to DVB

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ရဲ့ ၁၉ ကြိမ်‌မြောက် အစည်းအဝေးကို ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ပြန်လည်ခေါ်ယူဖို့ ဇွန်လ ၂၂ ရက်နေ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ သဘောတူညီမှုရခဲ့တယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။

JMC-U ၁၈ ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ခေါ်ယူခဲ့တာဖြစ်ပြီး တစ်နှစ်နဲ့၁၀လကြာမှ အစည်းအဝေးကို ပြန်ခေါ်နိုင်ခဲ့တာပါ။

JMC-Uအစည်းအဝေးပြန်ခေါ်နိုင်တာဟာ ကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

အခုဇွန်လ ၂၃ ရက်ကနေ  ၂၅ ရက်‌အထိ အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံစည်းဝေးပွဲတစ်ရပ်ကို ရန်ကုန်မြို့NRPC ရုံးမှာ  စတင်ကျင်းပနေပါတယ်။

ဒီအစည်းအဝေးမှာတော့ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကျင်းပမယ့်ရက်ကို ညှိနှိုင်းဆွေးနွေး အတည်ပြုမှာပါ။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပမယ့်အချိန်ကို သတ်မှတ်ရာမှာ အစုအဖွဲ့အားလုံးနဲ့ သင့်လျော်အဆင်ပြေမယ့် အချိန်ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်သွားရမယ်လို့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ကပြောပါတယ်။

စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ဇူလိုင်လ ကျင်းပဖို့ အစိုးရဘက်က အဆိုပြုထားပြီး အပစ်ရပ်အဖွဲ့တွေဘက်ကတော့ ဩဂုတ်လမှာ ကျင်းပဖို့ အဆိုပြုထားတယ်လို့ အပစ်ရပ်အဖွဲ့တွေရဲ့ကိုယ်စားလှယ်ရဲဘော်မျိုးဝင်းကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013