DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်မင်းရာဇာအမှု ရုံးပေါင်းစစ်ဆေးပေးရန် လျှောက်ထားချက် ပလပ်ခံရ
DVB
·
June 22, 2020
သရုပ်ဆောင်မင်းရာဇာအမှု ရုံးပေါင်းစစ်ဆေးပေးရန် လျှောက်ထားချက် ပလပ်ခံရ
Donate to DVB

သရုပ်ဆောင် မင်းရာဇာအပေါ်  တရားစွဲထားတဲ့အမှုတွေကို တရားရုံး တစ်ရုံးတည်းမှာ ပေါင်းပြီး စစ်ဆေးပေးဖို့ လျှောက်ထားချက်နဲ့ပတ်သက်လို့ ဇွန်လ ၂၂ ရက်နေ့မှာ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက ပလပ်လိုက်ပါတယ်။

အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေကြောင့် ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ မိန်းကလေးရဲ့ မိခင်ဖြစ်သူက ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ ဧပြီ ၇ ရက်နေ့က သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီးဖြစ်သူ အပါအဝင် ၄ ဦးတို့ကို အမှုဖွင့်ခဲ့တာပါ။

အလားတူ မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာလည်း သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးကို အိမ်အကူအမျိုးသမီးငယ်ရဲ့ မိခင်က တရားစွဲထားတဲ့အတွက် ငါးကြိမ်မြောက်ရုံးထုတ် စစ်ဆေးဖို့  ဇွန် ၂၅ သို့ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

ရွှေပေါက္ကံရှိနေအိမ်ကို သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဖြစ်သူတို့ ရောက်ရှိလာပြီး အိမ်အကူမိန်းကလေးကို ဘောင်းဘီချွတ်ကာ အက်စစ်နဲ့ ပက်ခဲ့ကြောင်းနဲ့ မင်းရာဇာရဲ့ယောက္ခမဖြစ်သူက မိန်းကလေးရဲ့ ဦးခေါင်းကိုတူနဲ့ ထုခဲ့လို့ သွေးထွက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ လွန်ခဲ့တဲ့ နှစ်ရက်ခန့်ကလည်း ထွက်ဆိုခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ရွှေပေါက္ကံရဲစခန်းမှာ သရုပ်ဆောင်မင်းရာဇာအပါအဝင် လေးဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄ နဲ့ ၁၁၄ စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားခဲ့ပါတယ်။

ဒါ့အပြင် သရုပ်ဆောင် မင်းရာဇာကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲထားတာလည်းရှိတဲ့အတွက် အမှုတွေအားလုံးကို အရှေ့ပိုင်းခရိုင်တရားရုံးတစ်ရုံးတည်းမှာ ပေါင်းပြီး စစ်ဆေးပေးဖို့  မင်းရာဇာတို့ဘက်က လျှောက်ထားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013