DVB Logo
Home
မြန်မာသတင်း
၂၀၂၀ မယ်စကြဝဠာမြန်မာ ပြိုင်ပွဲဝင်အလှမယ်များ 
DVB
·
June 22, 2020
၂၀၂၀ မယ်စကြဝဠာမြန်မာ ပြိုင်ပွဲဝင်အလှမယ်များ 
1 / 4
Donate to DVB

၂၀၂၀ မယ်စကြဝဠာမြန်မာအလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အလှမယ် ၄၁ ယောက်ရဲ့ ရေကူးဝတ်စုံတွေနဲ့ ကောက်ကြောင်းအလှပေါ်လွင်နေတဲ့ ဓာတ်ပုံတွေ ထွက်ရှိလာခဲ့ပါတယ်။

ဒီပုံတွေထဲမှာတော့ အမရပူရ၊ အောင်ပန်း၊ ပုဂံ၊ ဗန်းမော်၊ ထားဝယ်၊ ဖလမ်း၊ ဟား ခါး၊ လှိုင်းဘွဲ့၊ ဘားအံ၊ ဖားကန့်၊ ကော့ကရိတ်၊ ကောလင်း၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မော်လမြိုင်၊ မိတ္ထီလာ၊ မင်းဘူး၊ မိုးကုတ်၊ မိုးညှင်း၊ မုံရွာ၊ မြဝတီ၊ မြစ်ကြီးနား၊ နေပြည်တော်၊ ညောင်ရွှေ၊ ပခုက္ကူ၊ ပုသိမ်၊ ပင်းတယ၊ ပြည်၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ တာချီလိတ်၊ တောင်ကြီး၊ တောင်ငူ၊ သထုံ၊ သံဖြူဇရပ်၊ ရန်ကုန်အရှေ့ပိုင်း၊ ရန်ကုန်မြောက်ပိုင်း၊ ရန်ကုန်တောင်ပိုင်း၊ ရန်ကုန်အနောက်ပိုင်း၊ ရေး စတဲ့ မြန်မာနိုင်ငံအနှံ့ မြို့နယ်တွေ ကိုယ်စားပြုအလှမယ်တွေရဲ့ အလှဓာတ်ပုံတွေကို ဖော်ပြထားခဲ့တာပါ။

မနှစ်က ကျင်းပတဲ့ ၂၀၁၉ ခုနှစ် မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာတော့ ဘားအံ ကိုယ်စားပြု အလှမယ် ဆွေဇင်ထက်က အလှမယ်သရဖူကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar အလှမယ်ဆုကို မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပြီး  ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ် မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်တို့က ရရှိခဲ့ကြတာဖြစ်ပြီး ဆွေဇင်ထက်ကတော့ ၇ ယောက်မြောက် မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာ အလှမယ် ဖြစ်လာခဲ့တာပါ။

လတ်တလောမှာတော့ အလှမယ်တွေရဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံတွေကို Miss Universe Myanmar ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာသာ ဖော်ပြထားခဲ့ပြီး ပြိုင်ပွဲကျင်းပမယ့် နေ့ရက်အအတိအကျ အသေးစိတ်ကိုတော့ ဖော်ပြထားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013