ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံသွားရောက်
DVB
·
June 22, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားကို တက်ရောက်ဖို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ထွက်ခွာသွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Sergei Kuzhugetovich Shoigu ရဲ့ ဖိတ်ကြားချက်အရ ဒီကနေ့ ဇွန်လ ၂၂ ရက်မနက်က လေကြောင်းခရီးနဲ့ နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသွားတာလို့ သတင်းမှာဖော်ပြပါတယ်။
ဒါဟာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကာလအတွင်းမှာ နိုင်ငံအဆင့်မြင့်ခေါင်းဆောင် တစ်ဦးအနေနဲ့ ပထမဆုံး ပြည်ပကို သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။
ဓာတ်ပုံ-တပ်မတော်