DVB Logo
Home
မြန်မာသတင်း
တေးသံရှင် ကောင်းကောင်း၊ နိုင်းဝမ်းတို့ သီဆိုသည့် သီချင်းသစ်-"SURGERY"(ရုပ်သံ)
DVB
·
June 22, 2020
တေးသံရှင် ကောင်းကောင်း၊ နိုင်းဝမ်းတို့ သီဆိုသည့် သီချင်းသစ်-"SURGERY"(ရုပ်သံ)
Donate to DVB

ကိုယ်ပိုင်သံစဉ်သီချင်းတွေ ကိုယ်တိုင်ရေးပြီး သီဆိုရာမှာ နာမည်ကြီးတဲ့ တေးသံရှင် ကောင်းကောင်းနဲ့ နိုင်းဝမ်းတို့ အတူတွဲဖက်သီဆိုထားခဲ့တဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။

“Surgery” လို့ နာမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ V7 Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး လတ်တလော အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။

“ကောင်းကောင်းနဲ့ နိုင်းဝမ်းနဲ့ အတုအယောင်တွေ မကြိုက်… အတုအယောင်တွေ မကြိုက်… Hello… မင်္ဂလာပါ Baby Boo ရေ… မင်းက ပုရိသတွေ ကြွေနေတဲ့ မဟေသီ တဦးလေ… စတွေ့ကတည်းက ကြိတ်ပြီး ငါလေရင်မှာကြွေပြီရူးနေ… မကြည့်ဖြစ်တော့ဘူး Tik Tok ဆော့တဲ့ နောက်ထပ် ဆတ်ဆလူးတွေ”

ကောင်းကောင်းဟာ ၂၀၀၈ ခုနှစ် The Best of Melody သီချင်းဆိုပြိုင်ပွဲမှတဆင့် ပရိသတ် လက်ခံအားပေးမှုနဲ့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့သူတယောက် ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲမှာတော့ နီနီခင်ဇော်၊ ကျော်သီဟ၊ ခင်စုစုနိုင်၊ အိုင်ရင်းဇင်မာမြင့်တို့ အပါအဝင် နာမည်ကြီးတေးသံရှင်တွေ များစွာထွက်ပေါ်ခဲ့ပြီး အတွဲသီချင်းအယ်လ်ဘမ်ထဲမှာ ကောင်းကောင်း သီဆိုခဲ့တဲ့ ‘နာရီတွေရပ်ထားမယ်’၊ မို့မို့လွင်နဲ့ တွဲဖက်သီဆိုခဲ့တဲ့ ‘မင်းကိုသတိရရင်’ စတဲ့ သီချင်းတွေဟာ ထင်ရှားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ‘ညီမျှခြင်း’၊ ‘အဆိုးထဲကအကောင်း’ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းအယ်လ်ဘမ်တွေမှာလည်း သီဆိုအောင်မြင်လာခဲ့ပါတယ်။

ထိရှတဲ့ သံစဉ်စာသားတေးသွားတွေနဲ့ သီချင်းတွေလည်း ရေး၊ ကိုယ်တိုင်လည်း သီဆိုလေ့ရှိတဲ့ ကောင်းကောင်းရဲ့ ‘ကြယ်ကလေးဆီမှာ’၊ ‘ဖြစ်တတ်ပါတယ်’၊ ‘ပျော်နေပါ’ စတဲ့ သီချင်းတွေအပြင် ရုပ်ရှင်ဇာတ်ဝင်တေးတွေဟာလည်း ပရိသတ်တွေကြား ထင်ရှားပါတယ်။

နိုင်းဝမ်းကတော့ “ငါ့အနားမှာ နင်သာရှိရင်”စတဲ့ သီချင်းနဲ့ ပရိသတ်တွေ သတိထားမိကြပြီး အလန်းစား တေးစာသားတွေနဲ့ ပရိသတ်ချစ်ခင်အားပေးမှု ရရှိခဲ့တဲ့ တေးရေး တေးဆိုတယောက် ဖြစ်ပါတယ်။

သူ့သီချင်းတွေထဲမှာတော့ ‘စလုံးကချစ်သူ’၊ နီနီခင်ဇော်နဲ့ တွဲဖက်သီဆိုခဲ့တဲ့ ‘အရောင် မဆိုးနဲ့’ စတဲ့ သီချင်းတွေကတော့ ထင်ရှားတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။

ခုတခါမှာတော့ တမူထူးခြားတဲ့ သူတို့နှစ်ယောက်ရဲ့ မြူးမြူးကြွကြွ ပေါင်းစပ်ဖန်တီးသီဆိုမှုကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“ငါတကယ်ခုံမင်တာက မွေးရာပါ ရုပ်ရည်လေး… ဆီလီကွန်ပတ်လည်ဝိုင်းပြီး က လေးအထာ လာလုပ်နေသေး… မင်းအလှ မစစ်ရင် အသုံးတော့ မဝင်… ဒီတော့ ဂျင်းများ ကင်းစင် ပြုံးပျော်ရွှင်”

ဒီသီချင်းထဲမှာတော့ စူပါမန်းလို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ အလှမယ် ဆွေဇင်ထက်၊ မင်းမြတ်၊ နှင်းဝတ်ရည်ဝင်းတို့က ပါဝင်သရုပ်ဆောင်ထားခဲ့ကြပြီး ဒါရိုက်တာ ပြည့်ဖြိုးနိုင်က ပုံဖော်ရိုက်ကူးပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013