DVB Logo
Home
မြန်မာသတင်း
အပူပိုင်းဒေသ ကျေးရွာထက်ဝက်ခန့် သောက်သုံးရေ ရှားပါး
DVB
·
May 16, 2013
Donate to DVB

မြန်မာနိုင်ငံ အပူပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ကျေးရွာစုစုပေါင်းရဲ့ ထက်ဝက်ခန့်ဟာ သောက်သုံးရေရှားပါးတဲ့ ပြဿနာကို ကြုံတွေ့နေရတယ်လို့ နယ်စပ်ရေးရာဝန်ကြီး ဌာနလက်အောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်းရေးဦးစီးဌာနရဲ့ ရေပေးဝေရေးဌာန ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့နွယ်က ပြောပါတယ်။

“အရင်တုန်းက အပူပိုင်းဇုန်ဒေသတွေမှာ ရေရရှိရေး အကုန်လုံးဆောင်ရွက်ပြီးသား။ ဒါပေမယ့် လူဦးရေတိုးတက်လာတာရော၊ ရေအရင်းမြစ် ခန်းခြောက်သွားတာတွေရော၊ လူနေမှုအဆင့်အတန်း မြင့်မားလာပြီး ရေသုံးစွဲမှု များလာလို့ ရေက ထပ်မံလိုအပ်ချက်တွေ ရှိနေတယ်။ ၅၀ ရာခိုင်နှုန်းလောက် ရေလိုအပ်ချက်ရှိမယ် ထင်တယ်။”

မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ကျေးရွာစုစုပေါင်း ၁ သောင်းခွဲကျော်ရှိပြီး လူဦးရေဘယ်လောက်နေထိုင်ကြတယ်ဆိုတာကိုတော့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖြေဆိုနိုင်ခြင်း မရှိပါဘူး။

သောက်သုံးရေရှားပါးတဲ့ ပြဿနာကို ရင်ဆိုင်နေရတဲ့ တိုင်းဒေသကြီးတွေမှာ မကွေးတိုင်းဒေသကြီးက အဆိုးဆုံးလို့ ဒီဗွီဘီကို ပြောပါတယ်။

ရာသီဥတု ပူပြင်းမှုမြင့်မားလာလို့ အပူပိုင်းဒေသတွေမှာ သောက်သုံးရေရရှိမှု ခက်ခဲတဲ့ပြဿနာရှိနေသလိုပဲ ရန်ကုန်၊ ပဲခူးအစရှိတဲ့ တိုင်းဒေသကြီးတွေက မြို့နယ်အချို့နဲ့ ကျေးရွာတွေမှာပါ အလားတူပြဿနာကို ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာတော့ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရေပေးဝေရေးဌာန တာဝန်ရှိသူက  အပူပိုင်းဒေသ သောက်သုံးရေ ရရှိရေးအတွက် ကျပ်ငွေသန်းပေါင်း ၇၅၀၀ ကို အစိုးရက ချထားပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာလည်း ကျေးလက်ဒေသ အပူပိုင်းဇုန်သောက်သုံးရေရှိဖို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ပြင်သစ်နဲ့ ဂျပန်နိုင်ငံက နိုင်ငံတကာအလှူရှင်တွေနဲ့လည်း ဆွေးနွေးနေပါတယ်။
စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသတွေမှာရှိတဲ့ အပူပိုင်းဇုန်တွေမှာ အဓိက ရေရှားပါးတဲ့ ပြဿနာဖြစ်နေတယ်။ လူဦးရေတိုးလာတဲ့ ကျေးရွာတွေဟာလည်း သောက်သုံးရေလိုအပ်မှု ပြဿနာများလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013