DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ဓာတ်ခွဲဌာနအဆောက်အဦသစ်ကို သိန်း ၈၀၀၀ ခန့် အသုံးပြု တည်ဆောက်မည်
DVB
·
June 21, 2020
မန္တလေးတွင် ဓာတ်ခွဲဌာနအဆောက်အဦသစ်ကို သိန်း ၈၀၀၀ ခန့် အသုံးပြု တည်ဆောက်မည်
Donate to DVB

မန္တလေးမှာ ကျပ်သိန်း ၈၀၀၀ လောက်ကုန်မယ့် ဓာတ်ခွဲမှုဆိုင်ရာဌာနကို တည်ဆောက်တော့မှာဖြစ်ပြီး ပြည်နယ်နဲ့တိုင်း ၅ ခုက ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်။

လက်ရှိမှာတော့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့က ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးပေးနေပြီး မကြာခင်မှာ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်က ဓာတ်ခွဲနမူနာတွေကိုလည်း တိုးချဲ့စစ်ဆေးပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က ပြောပါတယ်။

အဲဒီကို ဇွန် ၂၀ ရက် နေ့လယ်က  ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး သွားရောက်ခဲ့တယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) ကို ၁၉၆၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး တီဘီ၊ ခုခံအားကျဆင်းမှုကူးစက် (HIV/AIDS)၊ ဂျပန်ဦးနှောက်အမြှေးရောင်၊ ဝက်သက်၊ ဂျိုက်သိုး၊ အသည်းရောင် အသားဝါ (စီ) ရောဂါပိုးတို့ကို ဓာတ်ခွဲစစ်ဆေးနေပြီး ၂၀၂၀ ပြည့်နှစ် ဇွန် ၁ ရက်ကစလို့ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးတာကိုလည်း လုပ်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးတာတွေကို မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေရှာဖွေရေးကော်မတီနဲ့ အလှူရှင်တွေက ဓာတ်ခွဲစက်ပစ္စည်းကိရိယာတွေ အပါအဝင် ပံ့ပိုးခဲ့ကြပြီး မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေရှာဖွေရေးကော်မတီကနေ ကျပ်သိန်း ၈,၀၀၀ လောက် ကုန်ကျမယ့် ၂ ထပ် ဓာတ်ခွဲဆောင်သစ်ကို တည်ဆောက်လှူဒါန်းမှာ ဖြစ်ပါတယ်။

အဲဒီနောက် ဝန်ကြီးဟာ သူနာပြုတက္ကသိုလ် (မန္တလေး) ကို သွားရောက်ခဲ့ပြီး အခုဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအတွက် ဘဏ္ဍာငွေ သိသိသာသာ ပိုပြီး ခွဲဝေပေးမှာဖြစ်လို့ တက္ကသိုလ်တွေမှာ သင်ကြား၊ သင်ယူမှု အထောက်အကူပြုပစ္စည်းတွေနဲ့ လိုအပ်ချက်တွေကို ပိုပြီး ဖြည့်ဆည်းသွားမယ်လို့ ပြောပါတယ်။

သုတေသနရန်ပုံငွေတွေကိုလည်း ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉-၂၀ ခု ဘဏ္ဍာနှစ်အထိ ကျပ်သန်း ၆,၀၀၀ ခွဲဝေချထားပေးခဲ့ပြီး လာမယ့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက်လည်း ကျပ်သန်း ၃,၀၀၀ လျာထားတယ်လို့ ပြောပါတယ်။

သူနာပြုတက္ကသိုလ် (မန္တလေး)မှာ လက်ရှိ သူနာပြုဒီပလိုမာ အမျိုးအစား ၈ မျိုးကို သင်ကြားပေးနေပြီး ဆီးချို၊ သွေးချိုရောဂါနဲ့ သက်ကြီးရွယ်အို သူနာပြုစုစောင့်ရှောက်မှုဆိုင်ရာ အထူးပြုသူနာပြုဒီပလိုမာ သင်တန်းတွေ တိုးချဲ့ဖွင့်လှစ်ဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013