DVB Logo
Home
မြန်မာသတင်း
ရောင်းစားခံရသည့် မြန်မာရေလုပ်သားများကို ကယ်ထုတ်
DVB
·
May 16, 2013
ရောင်းစားခံရသည့် မြန်မာရေလုပ်သားများကို ကယ်ထုတ်
Donate to DVB

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်ထဲမှာ လှေလုပ်သားအဖြစ် ရောင်းစားခံရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းအန်ဂျီအိုနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က သွားရောက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

လှေပေါ်မှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတဦးရဲ့ ဖုန်းဆက်အကူအညီ တောင်းဆိုချက်အရ သက်ဆိုင်ရာ ရေတပ်နဲ့ ဆတဟိပ် မြို့မရဲစခန်း တာဝန်ရှိသူတွေ မေ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ အလုပ်သမား အခွင့်အရေးမြှင့်တင်ရေး ကွန်ရက်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ မစ္စတာ ဆုန်ဖုန်း ဆာကယောဝ့်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_39513" align="alignright" width="300" caption="ရေလုပ်သားများ (ဓာတ်ပုံ - dailynews)"][/caption]

“အလုပ်သမားက ဖုန်းဆက်တိုင်ထားတာတော့ အရင်လတွေကတည်းကပါ။ အဲဒီ ငါးဖမ်းလှေတွေကို ချဉ်းကပ်နိုင်ဖို့ ကျနော်တို့ ၃ ကြိမ် ကြိုးစားခဲ့တာ မနေ့ကမှ ဖမ်းမိတယ်။ သူတို့ကို လှေပေါ်မှာ ပွဲစားက လာပို့ထားပြီး လုပ်အားခနဲ့ အကြွေးပြန်ဆပ်နေရတာ။ ဘယ်မှ သွားလာခွင့်မရှိဘဲ တချိန်လုံးခိုင်းစားနေတာလို့ ပြောတယ်။ အကုန်လုံး လူရွယ်လူငယ်တွေချည်းပဲ၊  လူကုန်ကူးခံရတဲ့ ပုံစံပေါ့။  ခုလောလောဆယ်  ပထုမ်ဌာနီခရိုင် လူမှုဖွံ့ဖြိုးရေးကယ်ဆယ်ရေးဌာနမှာ ခေါ်ထားတယ်။ အမှုစစ်ဆေးဆဲကာလမို့ အပြင်လူတွေနဲ့ ဆက်သွယ်ခွင့် မရှိဘူး။”

မနေ့က ကယ်ထုတ်လာတဲ့အထဲမှာ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၅၇ ဦး ပါဝင်ပြီး အများစုက ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ပြီး မြန်မာအလုပ်သမား ၈ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့ထဲမှာ လူကုန်ကူးခံရသူ ဦးရေ၊ ကိုယ့်သဘောနဲ့ကိုယ် ရောက်လာသူ ဦးရေ  စတာတွေကို တဦးချင်းစီ ထပ်မေးနေကြောင်း၊ ဖုန်းဆက်အကူအညီတောင်းသူ မြန်မာအလုပ်သမားကတော့ ချုတ်ဝါးရီး အမှတ် - ၁၂ လှေပေါ်မှာ သူနဲ့ အဖော် ၄ ယောက် ရောင်းစားခံရကြောင်း ပြောတယ်လို့ ဆိုပါတယ်။

မနေ့က ဖမ်းမိတဲ့ လှေ စုစုပေါင်း ၄ စီးဖြစ်ပြီး ချုတ်ဝါးရီးကုမ္ပဏီပိုင် ဖြစ်ကြောင်း၊ အဲဒီလှေတွေကို ချွန်ဘူရီခရိုင် ဆတဟိပ်မြို့နယ်ထဲက ဆဲမ်ဆန်ပင်လယ်ဝနဲ့ လှေဆိပ်တွေမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့  လှေဦးစီး ထိုင်းအမျိုးသား ၃  ဦးကို ဆတဟိပ် အထူးစုံစမ်းရေးရဲတပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့ မစ္စတာ ဆုန်ဖုန်းဆာကယောဝ့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013