DVB Logo
Home
မြန်မာသတင်း
သာပေါင်းမြို့နယ်က မသန်စွမ်း ၁၀၀ ကျော်ကို အခြေခံစားသုံးကုန်များ လှူဒါန်း
DVB
·
June 19, 2020
သာပေါင်းမြို့နယ်က မသန်စွမ်း ၁၀၀ ကျော်ကို အခြေခံစားသုံးကုန်များ လှူဒါန်း
Donate to DVB

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ဇွန်လ ၁၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း စားဝတ်နေရေးအခက်အခဲရှိနေတဲ့ မသန်စွမ်းဦးရေ ၁၀၀ ကျော်အတွက် စေတနာရှင်တွေက စားသုံးကုန်များလှူ ဒါန်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(ရန်ကုန်)နဲ့ မသန်စွမ်းသူများရုံး(သာပေါင်း)တို့မှ ပူးပေါင်းပြီး ကျပ် ၁၀ သိန်းကျော်တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို မသန်စွမ်းဦးရေ ၁၀၀ ကျော်အတွက် အိမ်တိုက်ရာရောက် လိုက်လံလှူဒါန်းပေးတာလို့ လှူဒါန်းရာမှာ ပါဝင်သူ ဦးသောင်းထိုက်က ပြောပါတယ်။

တဦးကို ဆန် ၁ ပြည်၊ ဆီ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ ပဲ ၁ ပိဿာ စတဲ့ စားသောက်ကုန်တွေ လှေဒါန်းခဲ့တာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ မသန်စွမ်း ဦးရေ ၈ ထောင်ကျော်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရဲ့ ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်းအရ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလ အခြေခံလူတန်းစားတွေကို စားသုံးကုန်တွေ မြို့နယ်အလိုက် လှူဒါန်းတာတွေ ရှိပေမယ့် မသန်းစွမ်းသူတွေကို လှူဒါန်းမှုက သာပေါင်းမြို့နယ်မှာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013