DVB Logo
Home
မြန်မာသတင်း
ဒါရိုက်တာ ခရစ္စတီးနားခီပါဝင်သည့် “မီဒီယာနှင့် ဂျဲန်ဒါဆွေးနွေးပွဲ” အွန်လိုင်းမှ ကျင်းပမည် 
DVB
·
June 19, 2020
ဒါရိုက်တာ ခရစ္စတီးနားခီပါဝင်သည့် “မီဒီယာနှင့် ဂျဲန်ဒါဆွေးနွေးပွဲ” အွန်လိုင်းမှ ကျင်းပမည် 
Donate to DVB

နာမည်ကြီး အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီ ပါဝင်ဆွေးနွေးမယ့် “မီဒီယာနှင့် ဂျဲန်ဒါဆွေးနွေးပွဲ” ကို အွန်လိုင်းမှတဆင့် လာမယ့် ဇွန်လ ၂၀ ရက်နေ့ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီဆွေးနွေးပွဲကိုတော့ ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network) ကနေ အွန်လိုင်း စကားဝိုင်းဆွေးနွေးပွဲတွေအနေနဲ့ အပတ်စဉ်စီစဉ်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

ခုတပတ်မှာတော့ "မီဒီယာကို ဂျဲန်ဒါရှုထောင့်မှ လေ့လာကြည့်ခြင်း ဆွေးနွေးပွဲ” အမည်နဲ့ မြန်မာ့မီဒီယာတွေမှာ အမျိုးသား၊ အမျိုးသမီးနဲ့ LGBT တွေကို များသောအားဖြင့် ဘယ်လို ပုံဖော်ပြလေ့ရှိကြလဲဆိုတာတွေကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ကျင် လည်လှုပ်ရှားနေကြသူတွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ ခရစ္စတီးနားခီနဲ့အတူ ပညာအလင်းပွင့် မြန်မာသုတေသန ဖောင်ဒေးရှင်း(EMReF)မှ အကြီးတန်းပရိုဂရမ်မန်နေဂျာ မအေးလဲ့ထွန်း၊ Myanmar LGBT Rights Network မှ Advisor ကိုနေလင်းထိုက်၊ Oxfam in Myanmar မှ Advocacy and Campaigns Coordnator မရည်မွန်ဦးတို့က ဆွေးနွေးသွားကြမှာဖြစ်ကာ Moderator အနေနဲ့ ဖန်တီးအိမ်အဖွဲ့မှ Program Coordinator ကိုမျိုးခိုင်ထူးu ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

  ဆွေးနွေးပွဲကိုတော့ ဇွန်လ ၂၀ ရက်နေ့၊ နေ့လယ် ၂ နာရီကနေ ၃ နာရီခွဲအထိ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သွားမှာဖြစ်ကာ ကိုယ်တိုင်ပါဝင်ဆွေးနွေးလိုသူတွေအနေနဲ့ ဒီလင့်ခ်မှာ https://forms.gle/Jxs4ptV3EREDxiyMA ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီမတိုင်ခင် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013