DVB Logo
Home
မြန်မာသတင်း
ကိုဗစ်–၁၉ တိုက်ဖျက်ရေးအတွက် မြန်မာကို အမေရိကန်က ဒေါ်လာ ၄ သန်း ထပ်မံပေးအပ်
DVB
·
June 18, 2020
ကိုဗစ်–၁၉ တိုက်ဖျက်ရေးအတွက် မြန်မာကို အမေရိကန်က ဒေါ်လာ ၄ သန်း ထပ်မံပေးအပ်
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်–၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၄ သန်း အကူအညီ ထပ်မံပေးအပ်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။ 

ထပ်ဆောင်းအကူအညီတွေကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီက ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအစီအစဉ်ကတဆင့် မြန်မာပြည်သူတွေကို ပေးအပ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ တုံ့ပြန် တိုက်ဖျက်ရေးအတွက် ၂၀၂၀ ဖေဖော်ဝါရီလကတည်းက အမေရိကန်က ပေးအပ်လာခဲ့တာနဲ့ဆိုရင် စုစုပေါင်း ဒေါ်လာ ၁၃ ဒသမ ၅ သန်းရှိပြီလို့ သိရပါတယ်။

အမေရိကန် သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီက “မြန်မာနိုင်ငံရဲ့ ကိုဗစ်–၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် ပေးအပ်တဲ့ အမေရိကန် အကူအညီ ဒေါ်လာ ၁၃ ဒသမ ၅ သန်းဟာ နိုင်ငံတဝန်း ကျန်းမာရေးကဏ္ဍအတွက် ကျနော်တို့ရဲ့  ရေရှည် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်တာဖြစ်ပါတယ်။ အခုအကူအညီဟာ ကျန်းမာရေးကဏ္ဍအတွက် ပေးအပ်ခဲ့တဲ့ ဒေါ်လာ ၁၇၆ သန်းအပါအဝင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း မြန်မာနိုင်ငံအတွက် ကာလရှည်ကြာ အကူအညီအနေနဲ့ ပေးအပ်ခဲ့မှု စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအပြင် ထပ်ပြီးပေးတာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက မြန်မာနိုင်ငံမှာ  ကိုဗစ်–၁၉ ရောဂါ အသိပညာပေး သတင်းအချက်အလက်တွေဖြန့်ဝေတဲ့လုပ်ငန်းတွေ၊ ပဋိပက္ခဘေးသင့်ဒေသတွေမှာ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေကတဆင့် ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေး လုပ်ငန်းတွေနဲ့ ရောဂါစစ်ဆေးတဲ့ ဓာတ်ခွဲခန်းတွေအတွက် ကျွမ်းကျင်မှုလေ့ကျင့်သင်တန်းတွေနဲ့ ပစ္စည်းကိရိယာတွေ ကူညီပံ့ပိုးပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနအတွက်လည်း အမေရိကန်အစိုးရက လက်အိတ်နဲ့ နှာခေါင်းစည်းတွေအပါအဝင် ဘေးကင်းလုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ပေးအပ်ခဲ့ပါတယ်။

ဓာတ်ပုံ- US Embassy

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013