DVB Logo
Home
မြန်မာသတင်း
နေရပ်ပြန် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ ခရီးသွားလာရေး အခက်အခဲရှိနေ
DVB
·
June 16, 2020
နေရပ်ပြန် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ ခရီးသွားလာရေး အခက်အခဲရှိနေ
Donate to DVB

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ရာမှာ အခက်အခဲတွေရှိနေတယ်လို့ ဒီကနေ့ ဇွန် ၁၆ ရက်နေ့က မြဝတီ နယ်စပ်ကနေ ပြန်လည် ဝင်ရောက်လာသူတွေက ပြောပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့သူတွေအနေနဲ့ နီးစပ်ရာနယ်စပ်ဝင်ပေါက်ဖြစ်တဲ့ ကော့သောင်း နယ်စပ်ကနေ ဝင်ရောက်ရာမှာ အထောက်အထား မပြည့်စုံတဲ့အတွက် မြဝတီနယ်စပ်ဝင်ကနေ ပြန်လည်ဝင်ရောက်နေရတာကြောင့် သွားလာရ ခက်ခဲတဲ့အပြင် ကုန်ကျစရိတ် အခက်အခဲတွေ ရှိတဲ့အတွက် တရားဝင်နဲ့တရားမဝင် မခွဲခြားဘဲ မျှမျှတတ ပြန်ဝင်ရောက်စေချင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်နေ စောမိုးမြင့်သူက “အခုလိုမျိုး ပြန်လာခွင့်ရှိနေတဲ့ အချိန်မျိုးမှာ လက်မှတ်ရှိတဲ့သူ မရှိတဲ့သူ မခွဲခြားဘဲနဲ့ မျှမျှတတ ဖြစ်စေချင်တယ်”လို့ ဆိုပါတယ်။

သံရုံးအနေနဲ့ မြန်မာနိုင်ငံသားတွေ ခရီးသွားရာမှာ အခက်အခဲမရှိအောင် လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီကိုရယူပြီး ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

မဲဆောက်မြို့၊ အလုပ်သမားသံအရာရှိ၊ ဦးဝေလင်းမောင်က “သံရုံးမှာလည်း ဒီခရီးသွားလာရေး နဲ့ပတ်သက်တဲ့ ဝန်ထမ်းအဖွဲ့တွေ ဖွဲ့ပေးပြီးတော့ ဒီအခက်အခဲတွေကို ညှိနှိုင်းဆောင်ရွက်နေတယ်”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေကို ပြန်လည်လက်ခံရာမှာ တရာဝင်ရော  တရားမဝင် သွားရောက်တဲ့သူအားလုံးကိုပါ စာရွက်စာတမ်းမလိုဘဲ တရားဝင်နိုင်ငံသားအဖြစ်နဲ့ အသိအမှတ်ပြုတယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

မြဝတီမြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးခရိုင်အဆင့် ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “ကျနော်တို့ လက်ခံတာ စာရွက်စာတမ်း မလိုဘူး။ မြန်မာနိုင်ငံသား မှန်တယ်ဆို လက်ခံတယ်။ ကျနော်တို့အနေနဲ့ တရားမဝင်သွားရောက်တဲ့သူ အားလုံးကို တရားဝင်နိုင်ငံသားအဖြစ်နဲ့ အသိအမှတ်ပြုတယ်”လို့ ဆိုပါတယ်။

သံရုံးအစီအစဉ်နဲ့ ပြန်လာချင်သူတွေအနေနဲ့ သံရုံးကို ဆက်သွယ်ရ ခက်ခဲတာတွေ လူမှုကွန်ရက် ဖေ့ဘွတ်ခ်ကနေ လျှောက်ထားရာမှာ နည်းပညာ အခက်အခဲတွေရှိနေတဲ့အတွက် သီးခြားအစီအစဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူတွေ အများအပြား ရှိပါတယ်။

သံရုံးအစီအစဉ်နဲ့ ကုန်ကျစရိတ် ထိုင်းဘတ် ၁၂၄၈ ဘတ်သာကုန်ကျပြီး သီးခြား ဝင်ရောက်လာသူတွေအနေနဲ့ ထိုင်းဘတ် ၃၅၀၀ မှ ၈၀၀၀ အထိ ကုန်ကျပြီးမှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိတယ်လို့ သီးခြားဝင်ရောက်လာသူတွေက ဆိုပါတယ်။

ဇွန် ၁ ရက်နေ့မှ စတင်ပြီး သံရုံးအစီအစဉ်နဲ့ တရားဝင်ပြန်လည်ဝင်ရောက်လာသူ ၅၀၀၀ နီးပါး၊ သီးခြားဝင်ရောက်သူ ၂၁၀၀၀ ကျော်၊ IDC ၆၀၀ ကျော် ဝင်ရောက်လာခဲ့ပြီး ဖြစ်ပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013