DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးများ ရွေးကောက်ပွဲဝင်ပြိုင်ရန် လျှောက်လွှာတင် 
DVB
·
June 16, 2020
မန္တလေးတိုင်းဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးများ ရွေးကောက်ပွဲဝင်ပြိုင်ရန် လျှောက်လွှာတင် 
Donate to DVB

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးအများစု ၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင်ပြိုင်ဖို့  လျှောက်လွှာတင်ထားကြပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် ဝန်ကြီးတွေဖြစ်တဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီး ဦးမျိုးသစ်၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း စတဲ့ ဝန်ကြီးအများစုက ရွေးကောက်ပွဲဝင်ဖို့ လျှောက်လွှာတင်ထားကြတာပါ။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အနေနဲ့ ကိုယ်တိုင် မြို့နယ်မှာ ကိုယ်စားလှယ်လောင်းလျှောက်လွှာမတင်ပေမဲ့ ပါတီကနေပဲ အဆိုပြုထားတာကို တိုင်းအဆင့်ကို တင်ပေးလိုက်ပြီလို့ အမရပူရမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သိရပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီး ဦးမျိုးသစ်ကတော့  အရင်ရွေးကောက်ခံခဲ့ရတဲ့မဲဆန္ဒနယ်ဖြစ်တဲ့ မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ကနေ အဆိုပြုလွှာတင်ထားတာဖြစ်ပါတယ်။

တိုင်းပြည်တိုးတက်ရေးနဲ့ လက်ရှိကျန်းမာရေးအရ ကောင်းမွန်တဲ့အနေအထားဖြစ်တာကြောင့် ပြန်လည်လျှောက်ထားတာဖြစ်တယ်လို့ ဝန်ကြီးဦးမျိုးသစ်က ပြောပါတယ်။

စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည်တို့ကလည်း အရင်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်တွေမှာပဲ လျှောက်လွှာတင်ထားတာဖြစ်ပါတယ်။

လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည် အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ကနေ ဝန်ကြီးချုပ်ရဲ့ အဆိုပြုချက်ကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင်လကမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးဖြစ်လာတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေကို မြို့နယ်အဆင့်စိစစ်ပြီးသွားပြီဖြစ်ပြီး လက်ရှိမှာ တိုင်းဒေသကြီး အဆင့်က စိစစ်တာတွေ လုပ်နေပါတယ်။

မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဖြစ်တဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင် အနေနဲ့ကတော့ ကိုယ်စားလှယ်လောင်းလျှောက်လွှာမတင်ထားဘူးလို့ သိရပါတယ်။ 

သတင်း - နိုင်လင်းဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013