DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် ဆိတ်မွေးမြူရေးလုပ်ငန်း မအောင်မြင်ဘဲ ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာနေ
DVB
·
June 15, 2020
ကယားပြည်နယ်တွင် ဆိတ်မွေးမြူရေးလုပ်ငန်း မအောင်မြင်ဘဲ ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာနေ
Donate to DVB

ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေနဲ့ ဆိတ်တွေကို ဝယ်ယူပြီး တောင်သူတွေကို မွေးမြူစေခဲ့တဲ့ စီမံကိန်းမှာ တောင်သူတွေအတွက် အကျိုးဖြစ်ထွန်းမှုမရှိဘဲ ပြည်သူ့ဘဏ္ဍာငွေကိုသာ ဆုံးရှုံးနစ်နာစေတယ်လို့ ကယားပြည်နယ်လွှတ်တော်တိုင်စာပစ်စာလေ့လာဆန်း စစ်ရေးအဖွဲ့က အစီရင်ခံပါတယ်။

တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ရဲ့ ၄ နှစ်တာကာလအစီရင်ခံစာကို ကယားပြည်နယ် လွှတ်တော်မှာ အစီရင်ခံစာတင်သွင်းရာမှာ ဆိတ်မွေးမြူရေးကိစ္စ    ပြည်သူ့ဘဏ္ဍာငွေတွေကို ထပ်တလဲလဲတင်ပြတောင်းခံနေတာနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်းဖော်ပြထားတာပါ

ကယားပြည်နယ်ဘဏ္ဍာရန်ပုံငွေနဲ့ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ် သန်း ၄၀ နဲ့ ဆိတ်ကောင်ရေ ၄၀၀၊  ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၅၈ သန်းနဲ့ ဆိတ်ကောင်ရေ ၅၈၀ ဝယ်ယူပြီး ဒေသခံတွေကို ခွဲဝေမွေးမြူစေရာမှာ အောင်မြင်မှုမရှိဘဲ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ် သန်း ၁၅၀ ထပ်မံတောင်းခံပြီး ဆိတ်ကောင်ရေ ၁၅၈၀ ထပ်မံဝယ်ယူကာ ထပ်မံခွဲဝေပေးခဲ့တယ်လို့ အစီရင်ခံစာအရသိရပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ ဖြန့်ဖြူးခဲ့တဲ့ ဆိတ်ကောင်ရေ ၁၅၈၀ ကောင်ရှိပြီး ၂၀၁၉ ခုနှစ်မှာ လက်ကျန်ကောင်ရေ ၄၉၅ ကောင်သာကျန်ရှိပေမဲ့ အစိုးရအဖွဲ့အနေနဲ့ ဆိတ်ကောင်ရေစာရင်းကို လစဉ်ပေးပို့တဲ့အခါမှာ လစဉ်လတိုင်း အတိုး၊ အလျော့မရှိပဲ စာရင်းသေဖြစ်နေသည်ကို တွေ့ရှိရပါတယ်။

ဒီလိုတွေ့ရှိချက်ကို ကြားနာပွဲဆောင်ရွက်ခဲ့ရာမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆုံးရှုံးမှုစာရင်းကို တင်ပြလာခဲ့တာလို့လည်း ဆိုပါတယ်။

တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမြင့်မောင်က “ဆိတ်မွေးမြူရာမှာ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုအားနည်းပြီး အောင်မြင်ဖြစ်ထွန်းမှုမရှိတဲ့အတွက် ပြည်သူ့ဘဏ္ဍာငွေကို ထပ်တလဲလဲ တင်ပြတောင်ခံပြီး လေလွင့်ဆုံးရှုံးအောင် ဆောင်ရွက်နေတဲ့ ဆက်ဆိုင်ရာဌာနအကြီးအကဲရဲ့ စီမံခန့်ခွဲမှုအားနည်းခြင်းကို ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း”လို့ လွှတ်တော်မှာ အစီရင်ခံစာတင်ပြစဉ် အကြံပြုထားပါတယ်။

ဆိတ်မွေးမြူရေး ဖြစ်ထွန်းအောင်မြင်မှုမရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ရဲ့ ကြားနားစစ်ဆေးတွေ့ရှိချက်အရ ကြီးကြပ်ကွပ်ကဲမှုအားနေတဲ့ အစိုးရဌာနအကြီးအကဲတွေကို အရေးယူပေးဖို့ ပြည်နယ်အစိုးရသို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကြီးကြပ်သူတွေကို အရေးယူမှုမရှိဘဲ တောင်သူတွေကို တရားစွဲဆိုမယ်လို့ ပြောဆိုခဲ့တာဟာလည်း လွှတ်တော်ရဲ့အကြံပြုချက်နဲ့ ဆန့်ကျင်ကွဲလွဲနေတယ်လို့ဆိုပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013