DVB Logo
Home
မြန်မာသတင်း
ရွှေညောင်မြို့ Quarantine Center တွင် ထိုင်းမှပြန်လာသူ အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
June 14, 2020
ရွှေညောင်မြို့ Quarantine Center တွင် ထိုင်းမှပြန်လာသူ အမျိုးသမီး ၁ ဦးသေဆုံး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်ရှိ အမှတ် (၁) တည်းခိုရေးတပ်စခန်း Quarantine Center မှာ အမျိုးသမီးတဦး ဇွန် ၁၄ ရက် မနက်ပိုင်းက သေဆုံးသွားတယ်လို့ ရွှေညောင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သေဆုံးသူမှာ နှလုံးရောဂါ အခံရှိသူဖြစ်ပြီး ဇွန် ၁၀ ရက်နေ့မှ ရွှေညောင်မြို့ Quarantine Centre ကို မြဝတီကတဆင့် ရောက်ရှိလာတာ ဖြစ်ပါတယ်။

ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသက်ဦးမောင်က “ဇွန် ၅ ရက်နေ့က မြဝတီ Center မှာ ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးထားတယ်။  မြဝတီဆေးရုံမှာ တက်ခဲ့တယ်။ သူက မွေးရာပါ နှလုံးအပေါက်ပါ နှလုံးအားနည်းသူပေါ့။ အဲဒီရောဂါနဲ့ ဆေးရုံတက်တယ်။ ဆေးမှတ်တမ်းတွေ ရှိတယ်။ ၅ ရက်နေ့က ယူထားတဲ့ ဓာတ်ခွဲနမူနာက negative အဖြေထွက်တယ်။ ကျနော်တို့ Center ကို ၁၀ ရက်နေ့ ရောက်လာတယ်။ ဒီနေ့မနက် Center မှာရှိသူအားလုံး ဓာတ်ခွဲနမူနာယူဖို့ လာတာ မနက်စာစားဖို့ သူ့ကိုနှိုးတော့ နှိုးလို့မရတော့ဘူး၊ ကျန်းမာရေးဆရာတွေ စစ်ဆေးတဲ့အခါ သေဆုံးသွားပြီ ဖြစ်ပါတယ်”လို့  ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက နှလုံးရောဂါကြောင့် သေဆုံးသွားတယ်လို့ သုံးသပ်ထားပေမယ့် သေချာအောင် ဓာတ်ခွဲနမူနာယူပြီး ဓာတ်ခွဲဌာနကို ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။

သေဆုံးသူမှာ ကျိုင်းတုံမြို့၊ မိုင်းယောင်းကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦး ဖြစ်ပြီး ဘန်ကောက်မြို့ကနေ ပြန်လာတာ ဖြစ်ပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ ရွှေညောင်မြို့ Quarantine Centre မှာ တခန်းတည်း အတူနေသူ ၁၆ ဦးရှိပြီး Center တခုလုံးမှာ မြဝတီကပြန်လာသူ ရွှေ့ပြောင်းလုပ်သား ၇၃ ဦး ရှိပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013