DVB Logo
Home
မြန်မာသတင်း
ပရိသတ်အတွက် သရုပ်ဆောင် ဒေါင်းရဲ့ ကဗျာတပုဒ်(သို့) “ထိခတ်သမျှ”(ရုပ်သံ)
DVB
·
June 12, 2020
ပရိသတ်အတွက် သရုပ်ဆောင် ဒေါင်းရဲ့ ကဗျာတပုဒ်(သို့) “ထိခတ်သမျှ”(ရုပ်သံ)
Donate to DVB

       နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ သရုပ်ဆောင်မင်းသား ဒေါင်းက သူ့ပရိသတ်တွေ အတွက် ရွတ်ပြခဲ့တဲ့ ကဗျာတပုဒ်ဟာ လတ်တလော အွန်လိုင်းပေါ် ရေပန်းစားနေခဲ့ပါ တယ်။

       “ထိခတ်သမျှ”လို့ အမည်ပေးထားခဲ့တဲ့ ဒီကဗျာကို ရွတ်ဖတ်ပြခဲ့တဲ့ ရုပ်သံကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

မိုးစက်လေးတွေ

အရာရာတိုင်းကို ထိခတ်သွားခဲ့

အသံကလေးတွေ ကြားနေရတယ်

သစ်ရွက်ကလေးတွေကို ထိခတ်သွား

ပန်းကလေးတွေကို ထိခတ်သွား

ရေပြင်ကြီးထဲ ခုန်ဆင်းချ

အကြောင်းအရာမဲ့ ရပ်နေမိတဲ့

ငါ့ခြေလှမ်းတို့ရယ်

ငါ့ရင်ဘတ်ကို ထိခတ်လာခဲ့

မိုးစက်ကလေးတွေရယ်

ရောထွေးမှု ပြင်းပြတဲ့ ဆန္ဒတခုနဲ့

"မိုးတွေရွာ...စွေ.. ရွာစွေ ရွာပါမိုးရေ…"လို့ ညည်းမိတယ်

ကောင်းကင်ထက်က မိုးခြိမ်းလာ

တိမ်တွေများ လိုက်ဆိုသလား

ထင်မိတယ်

မိုးစက်လေးတွေ

သူတို့ကတော့ အလိုက်သင့်ပေါ့

ထိခတ်လိုက်သမျှ သံစဉ်တွေအလား

အရှိန်တွေ မြင့်တက်ခဲ့ကြပေါ့

မိုးစက်လေးတွေလေ

ကော်ဖီတခွက်

ငါသွားသောက်သင့်ပြီ.... ။

အရင်က ဘောလုံးသမားဟောင်းတယောက် ဖြစ်ခဲ့ပြီး သရုပ်ဆောင်လောကထဲ ရောက်ရှိလာခဲ့တဲ့ ဒေါင်းဟာ ထိုင်းဒါရိုက်တာ ရိုက်ကူးပြီး နိုင်းနိုင်း၊ ဝတ်မှုန်ရွှေရည်တို့နဲ့ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကားနဲ့ တဟုန်ထိုးနာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုနဲ့ အတူတွဲသရုပ်ဆောင်ခဲ့ပြီး သိပ်မကြာခင်ကမှ ရုံတင်ပြသခဲ့တဲ့ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင်ကားဟာလည်း ပရိသတ်တွေ လက်ခံအားပေးကြတဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။

သရုပ်ဆောင်မင်းသား ဒေါင်းဟာ ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွ ကြွ ပါဝင်လေ့ရှိသူတဦးဖြစ်ကာ လတ်တလော ကိုဗစ်ကာလမှာတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် ပရိသတ်တွေကို စိတ်ခွန်အားပေး စာဖတ်ပြတာ တွေကို ပုံမှန်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ဧပြီလလယ်လောက်ကတည်းက စတင်ကာ တပတ်ကို နှစ်ကြိမ်သုံးကြိမ်လောက် လိုက်ဖ်လွှင့်စာဖတ်ပြနေခဲ့တာဖြစ်ပြီး မြသန်းတင့်၊ မင်းလူ၊ ဂျူး၊ ခင်ခင်ထူးစတဲ့ နာမည် ကျော် စာရေးဆရာ၊ ဆရာမကြီးတွေရဲ့ ဝတ္ထုတိုတွေ ဖတ်ပြခဲ့ပြီး ဖြစ်ပါတယ်။

ခုတခါမှာတော့ စာမဖတ်ပြတော့ပဲ “ဒီနေ့ live မလွှင့်ပါခင်ဗျာ ၊ဒီဗီဒီယိုလေးကို ကြည့်ပြီး မိုးရာသီလေးကိုအမှတ်တရ ဖြစ်ပါစေခင်ဗျာ”လို့ မှတ်ချက်ရေးပြီး ပရိသတ်တွေ အတွက် ကဗျာလေးနဲ့ နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013