DVB Logo
Home
မြန်မာသတင်း
ဇီးကုန်းမြို့နယ်က Quarantine ဝင်နေသူများ စားသောက်ရေး အခက်အခဲကြုံတွေ့
DVB
·
June 12, 2020
ဇီးကုန်းမြို့နယ်က Quarantine ဝင်နေသူများ စားသောက်ရေး အခက်အခဲကြုံတွေ့
Donate to DVB

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ ကိုဗစ်-၁၉ ကာလ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ပြန်လာပြီး Quarantine ဝင်ရောက်နေသူတွေကို မြို့နယ်က အစားအသောက်တွေ ဆက်လက် မထောက်ပံ့ နိုင်တဲ့အပြင် အလှူရှင်တွေလည်း မရှိတဲ့အတွက် စားသောက်ရေးအတွက် ကိုယ့်စရိတ်နဲ့ကိုယ် ဖြေရှင်းနေရတယ်လို့ သိရပါတယ်။

အစိုးရက ဘတ်ဂျတ်ချမပေးနိုင်လို့ ကိုယ်စရိတ်နဲ့ ကိုယ်စားနေရသလို အမိမြေကို ပြန်လာတော့ လည်း ဘာကြောင့်ပြန်လာတာလဲလို့ အမေးခံရတဲ့အတွက် စိတ်မကောင်းဘူးလို့ Quarantine ဝင်နေသူ ကိုအောင်သိုက်က ပြောပါတယ်။

"၂၇ ရက်နေ့စ Quarantine ဝင်နေတာဖြစ်ပြီး အရင်ရက်တွေက သူတို့ကျွေးတယ်။ အလှူ ရှင်တွေ လာလှူတာနဲ့စားရတယ်။ အခု ၆ ရက်နေ့ကစပြီး ကိုယ့်စရိတ်နဲ့ကိုယ် စားရတယ်။ နေ့ခင်းဘက်ဆို နေစရာမရှိလို့ အဆင်ပြေသလိုနေရတယ်။ ကျနော်တို့ပြန်ရောက်တော့ မင်းတို့ ဘာလို့ပြန်လာတာလဲလို့ အမေးခံရတယ်။ ကိုယ့်အမိမြေကိုယ်ပြန်လာတာကို အဲလို အမေးခံရတော့ စိတ်မကောင်းဖြစ်မိတယ်။"

စေတနာဝန်ထမ်းအဖွဲ့ခေါင်းဆောင် ကိုဝင်းဇော်ထွဋ်က "အရင်ကအလှူရှင်တွေနဲ့ ဌာနဆိုင်ရာက ပံ့ပိုးမှုတွေနဲ့ ကျွေးနိုင်ပေမဲ့ အခုရန်ပုံငွေနည်းသွားတဲ့အတွက် မကျွေးနိုင်တော့ဘူး။ သူတို့ စားရိတ်နဲ့ သူတို့စားမယ်ဆို အပြင်ထွက်စျေးဝယ်တာတွေ၊ အပြင်က လာပို့တာတွေရှိလာမယ်။ အပြင်နဲ့ ထိတွေ့မှုတွေရှိလာရင် အန္တရာယ်များတဲ့အတွက် တက်နိုင်သလောက် အလှူရှင်တွေကို ရှာပေးနေတယ်" လို့ ပြောပါတယ်။

ဇီးကုန်းမြို့မှာ မေလ ၂၇ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကာလအတွင်း ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာသူ ၆၇ ဦးရှိပြီး Quarantine canter ၃ ခုမှာ လက်ခံထားရှိခဲ့တာပါ။

လူ ၁ ဦးကို ၁ နေ့ စားသောက်စရိတ် ၄၀၀၀ ကျပ်ကျော် ကုန်ကျနေပြီး ခုချိန်မှာတော့ အစိုးရ ဘတ်ဂျက်ချမပေးတော့တဲ့အတွက် ဆက်လက်ကျွေးမွေးဖို့ အခက်အခဲဖြစ်နေတယ်လို့ မြို့နယ်တာဝန်ရှိသူတဦးက ပြောပါတယ်။

"Quarantine ဝင်နေတဲ့သူတွေကို မနက်၊ နေ့လယ်၊ ညစာအတွက်တစ်နေ့ကို ၄၀၀၀ ကျပ်ကျော်ကုန်ကျတယ်။ အရင်ကအလှူရှင်တွေနဲ့အစိုးရက ဘတ်ဂျက်ချပေးတော့ ကျွေးနိုင်ပေမယ့် အခုချိန်မှာ ဘတ်ဂျက်မရှိတော့လို့ ဆက်မကျွေးနိုင်တော့ဘူး။ လက်ရှိမှာ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဖျာနဲ့ သောက်ရေအတွက်ပဲ ထောက်ပံ့ပေးနိုင်တယ်။ ကျွေးမွေးစရိတ်အတွက် ဆက်လက်ထောက်ပံ့ပေးဖို့ အစိုးရအဖွဲ့ကို စာတင်ထားပါတယ်။ အလှူရှင်တွေလည်း ရှာဖွေပေးနေ ပါတယ်။" 

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013