DVB Logo
Home
မြန်မာသတင်း
ပလက်ဝဒေသရှိ စစ်ဘေးဒုက္ခသည်စခန်းတွင် ချက်ပြုတ်စားသောက်ရေး အခက်အခဲရှိနေ
DVB
·
June 12, 2020
ပလက်ဝဒေသရှိ စစ်ဘေးဒုက္ခသည်စခန်းတွင် ချက်ပြုတ်စားသောက်ရေး အခက်အခဲရှိနေ
1 / 6
Donate to DVB

ချင်းပြည်နယ်တောင်ပိုင်း၊  ပလက်ဝ၊ ဆမီးနဲ့ မိစာဒေသက  စစ်ဘေးရှောင် ပြည်သူတွေအတွက် ချက်ပြုတ်စားသောက်ရေးမှာ အသုံးပြုဖို့ လတ်တ​လောကာလမှာ  ထင်းအခက်အခဲ ဖြစ်နေတယ်လို့ အကူအညီပေးနေတဲ့ CHIN IDP Support ကော်မတီ အတွင်းရေးမှူး ဦးကျော်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီဒေသဟာ လက်နက်ကိုင်တိုက်ပွဲဖြစ်နေကျနေရာဆိုတော့ တောထဲဝင် ထင်းခုတ်ဖို့က လုံခြုံရေးစိုးရိမ်ရတယ်။ တိုက်ပွဲရှောင်စခန်းတွေဆိုတော့ မီးလဲ မရှိဘူး။ ချက်ပြုတ်စားသောက်ဖို့ ဆိုတာ ထင်းပဲအဓိက သုံးရတယ်” လို့  ဦးကျော်အောင်က ပြောပါတယ်။

လတ်တလောမှာ မိုးတွင်းကာလဖြစ်လို့ ရာသီဥတု စိုစွတ်နေပြီး  ထင်းရရှိဖို့ အခက်အခဲပိုရှိလာတဲ့အတွက် ကော်မတီအနေနဲ့ ကူညီဖြေရှင်း ဆောင်ရွက်ပေးနေရတယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ အေအေအဖွဲ့တို့တိုက်ပွဲတွေကြောင့် ပလက်ဝ၊ စမီးနဲ့ မိစာဒေသမှာ ရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ စစ်ဘေးရှောင်ပုန်းနေရပြီး ပြီးခဲ့တဲ့ မေလ ၂၅ ရက်အထိ တိုက်ပွဲရှောင် အိမ်ထောင်စု ၁၆၁၁ စု နေထိုင်ကြပြီး လူဦးရေ စုစုပေါင်း  ၇၁၄၄ ဦး အထိ ရှိနေပါတယ်။

တိုက်ပွဲရှောင် ၇၀၀၀ ကျော်အတွက် ထင်းအခက်အခဲ ဖြေရှင်းနိုင်ဖို့ မြို့ပေါ် ကူညီရေး ကော်မတီနဲ့ တိုက်ပွဲရှောင်တွေ ပူပေါင်းဖြေရှင်းနေပြီး ငွေကြေးအသုံးပြုရတဲ့ အခြေအနေများလည်းရှိနေပါတယ်။

ထင်းအခက်အခဲဖြေရှင်းဖို့ တစ်ပတ်စာ ငွေကြေးကျပ် သိန်း ၃၀ လောက် ကုန်ကျမယ်လို့ CIS ကော်မတီက တွက်ချက်ထားပါတယ်။ CIS ကတဆင့် လှူဒါန်းလိုရင်တော့ ဖုန်း 09258994841 ကိုဆက်သွယ် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

သတင်း- မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013