DVB Logo
Home
မြန်မာသတင်း
ရွာသာကြီး Quarantine ဝင်နေသည့် ၉၆ ဦး နှစ်ကြိမ်ဆက် ရောဂါပိုးမတွေ့၍ နေရပ်ပြန်
DVB
·
June 12, 2020
ရွာသာကြီး Quarantine ဝင်နေသည့် ၉၆ ဦး နှစ်ကြိမ်ဆက် ရောဂါပိုးမတွေ့၍ နေရပ်ပြန်
Donate to DVB

ရွာသာကြီး စီးပွားရေးတက္ကသိုလ်မှာ Quarantine ဝင်နေတဲ့ စင်ကာပူက ပြန်လာသူ ၉၆ ယောက်လုံးရဲ့ ဓာတ်ခွဲနမူနာတွေစစ်ဆေးချက်အရ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့တာကြောင့် ဒီနေ့မနက်ကစပြီး နေရပ်ပြန်နေကြပြီလို့ ကာယကံရှင်တွေက ဒီဗွီဘီကိုပြောပါတယ်။ 

ရွာသာကြီး စီးပွားရေးတက္ကသိုလ် Quarantine ဝင် ၉၆ ယောက်ကို မေ ၂၆ ရက်နေ့က တစ်ကြိမ်၊ ဇွန်လ ၈ ရက်နေ့ကတစ်ကြိမ် ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ နှစ်ကြိမ်လုံး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။

သူတို့နေရပ်ပြန်ရာမှာ အခက်အခဲမရှိစေဖို့ Quarantine ၂၁ ရက် ပြည့်မြောက်ကြောင်း လက်မှတ်ကိုလည်း ထုတ်ပေးထားတယ်လို့ သိရပါတယ်။

မေလ ၂၁ ရက်နေ့က စင်ကာပူကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပဉ္စမအသုတ်ရောက်ရှိလာတဲ့ ၁၄၅ ယောက်ထဲက ၉၆ ယောက်ဟာ ရွာသာကြီး စီးပွားရေးတက္ကသိုလ်မှာ Quarantine ဝင်ပြီး ကျန်တဲ့သူတွေကတော့ Hotel Quarantine ဝင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013