DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်ပို့ပြီးပြန်လာသည့် မော်တော်ဘုတ် ၁ စီး ပင်လယ်ထဲနစ်မြုပ် 
DVB
·
June 11, 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်ပို့ပြီးပြန်လာသည့် မော်တော်ဘုတ် ၁ စီး ပင်လယ်ထဲနစ်မြုပ် 
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို   ကုန်ပစ္စည်းသွားပို့ပြီးပြန်လာတဲ့ မော်တော်ဘုတ် ၁ စီး ဇွန်လ ၁၀ ရက် မနက် ၁၀ ရာရီကျော်လောက်က  ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန် ကျေးရွာအနီး ပင်လယ်ပြင်မှာ နစ်မြုပ်သွားပါတယ်။

အဆိုပါမော်တော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်တွေသွားပို့ပြီး ပြန်အလာ  ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်အုပ်စု၊ ချိန်ခါလိန်ကျေးရွာ အနောက်ဘက် ၃ မိုင်ကျော် အကွာမှာ မော်တော်ဘုတ် ဝမ်းဗိုက်ပေါက်ပြီး နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

နစ်မြုပ်သွားတဲ့ မော်တော်ပေါ်ပါ လှေလုပ်သားတွေကို ချိန်ခါလီကျေးရွာ ရဲစခန်းရှိ တပ်ဖွဲ့ဝင်တွေက သွားရောက်ကယ်ဆယ်ထားပြီး အသေအပျောက်မရှိဘူးလို့  ချိန်ခါလိန်ကျေးရွာ စခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။ 

"လှေလုပ်သားအားလုံး ၁၂ ဦး ပါတယ်။ တစ်ဦးမှအသေအပျောက်မရှိပါဘူး။ သူတို့ကို အခု ချိန်ခါလီစခန်းမှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားတယ်။ စစ်ဆေးချက်အရ တောင်ကုတ်မြို့ကနေ ကြက်သွန်နီတွေသွားပို့ပြီး  ပြန်လာကြတာလို့ စစ်ဆေးတွေ့ရှိရတယ်။ စစ်တွေ- ရွှေမင်းကံ နယ်စပ်ကုန်သွယ်ရေးစခန်းကတဆင့် ပို့တာလို့ သိရတယ်ဗျ။ သူတို့ကို စစ်တွေကိုပြန်ပို့သွားမှပါ။” 

အဆိုပါ နစ်မြုပ်သွားတဲ့ မော်တော်ဘုတ်မှာ စစ်တွေ ရွှေမင်း ကံနယ်စပ်ကုန်သွယ်ရေး စခန်းကနေ တရားဝင်ထွက်သွားတဲ့ မော်တော်မဟုတ်ကြောင်း စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ အကောက်အခွန်အရာရှိ ဦးကျော်စွာညိုက ပြောပါတယ်။

"အခု နစ်မြုပ်သွားတဲ့ မော်တော်ဘုတ်က စစ်တွေ ရွှေမင်းကံ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရားဝင်ထွက်သွားတဲ့ မော်တော်ဘုတ်လုံးဝ မဟုတ်ပါဘူးခင်ဗျ။ ကျနော်တို့ဆီက ထွက်သွားတဲ့ မော်တော်ဘုတ်စာရင်းမှာ မပါပါဘူး။ ဟုတ်တယ်ဆို ကျနော်တို့ကို အကြောင်းကြားလာရမှာပါ"လို့ ပြောဆိုပါတယ်။

ချိန်ခါလိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးကတော့ အခု နစ်မြုပ်တဲ့မော်တော်က တရားဝင်သွားရောက်ကုန်ပို့တဲ့ မော်တော်ဖြစ်တယ်လို့ ရေတပ်က ဗိုလ်မှူးတစ်ဦး ဖုန်းဆက်လာတဲ့ အကြောင်း ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းရှိနေပြီး မြန်မာ့ပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ မိုးဇလ ဌာနက ထုတ် ပြန်ထားပါတယ်။

သတင်း - လင်းလက်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013