DVB Logo
Home
မြန်မာသတင်း
အောင်ဆန်းရုပ်ရှင် ဂဠုန်ဦးစောဇာတ်ကောင်နေရာအတွက် သရုပ်ဆောင်သစ် ထပ်မံခေါ်ယူ 
DVB
·
June 11, 2020
အောင်ဆန်းရုပ်ရှင် ဂဠုန်ဦးစောဇာတ်ကောင်နေရာအတွက် သရုပ်ဆောင်သစ် ထပ်မံခေါ်ယူ 
Donate to DVB

ဒါရိုက်တာ လူမင်းရိုက်ကူးနေတဲ့ အောင်ဆန်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကောင် ဂဠုန်ဦးစောနေရာမှာ ဦးစောရဲ့ မြစ်တော်စပ်တဲ့ ဇော်ဇော်ပိုင်ကို ရွေးချယ်ထားရာကနေ နုတ်ထွက်သွားခဲ့တာမို့ သရုပ်ဆောင်သစ် ထပ်မံခေါ်ယူထားပါတယ်။

ဂဠုန်ဦးစောရဲ့ မြစ်ဖြစ်သူ ဇော်ဇော်ပိုင်ဟာ မိဘအုပ်ထိန်းသူတွေရဲ့ သဘောဆန္ဒအရ ပါဝင်သရုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ပါကြောင်း မကြာသေးမီက အကြောင်းကြားလာတယ်လို့ အောင်ဆန်းရုပ်ရှင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ဒါ့ကြောင့် ဂဠုန်ဦးစောရဲ့ နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ စိတ်ပါဝင်စားသူတွေ အမြန်ဆုံး လျှောက်ထားနိုင်တယ်လို့လည်း  ဖိတ်ခေါ်ထားပါတယ်။

     အောင်ဆန်းရုပ်ရှင်စတင်ရိုက်ကူးရေး မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်မှာ ပြုလုပ်ခဲ့ပြီး  ၃၀ ရက်နေ့မှာတော့ ရိုက်ကူးရေးလုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ ဒီရုပ်ရှင်ကားဟာ ရိုက်ကူးရေးရက်ပေါင်း ၈၈ ရက် ရိုက်ကူးအပြီးမှာ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီလို့ မကြာသေးခင်ကပဲ အသိပေးထားပါတယ်။

    လတ်တလောမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့်မို့ ရိုက်ကူးရေး လုပ်ငန်းတွေ ကို ရပ်ဆိုင်းထားခဲ့ပြီး တည်းဖြတ်တဲ့လုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ကိုင်နေ ပါတယ်။

ဒီရုပ်ရှင်ကို ရန်ကုန်အပါအဝင် မန္တလေး၊ အင်းဝ၊ ရေနံချောင်း အစရှိတဲ့ မြို့တွေမှာပါ သွားရောက်ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ကောင်တွေဖြစ်တဲ့  ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန့်ဇာခြည်လင်းတို့က သရုပ်ဆောင်ထားပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း အဖြစ်ညိုမင်းလွင်၊  သခင်နုအဖြစ် အောင်မော်ထွန်း၊ မန်းဘခိုင်အဖြစ်မင်းဦး၊ သခင်မြအဖြစ် ရဲအောင်၊ ဒေါက်တာ ဘမော်အဖြစ် ရန်အောင်၊ မာရီလှအဖြစ် မိုးဟေကို၊ ဗိုလ်နေဝင်းအဖြစ် နိုင်းနိုင်း၊ ဗိုလ်မင်းရောင်အဖြစ် လူမင်းတို့က ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဂဠုန်ဦးစောနေရာမှာ မြစ်ဖြစ်တဲ့ ဇော်ဇော်ပိုင်အစား သရုပ်ဆောင် အမျိုးသားတယောက်ကို ခေါ်ယူထားပါတယ်။ 

လျှောက်ထားသူရဲ့ အသက်အရွယ်၊ အရပ်အမောင်း အနည်းငယ်ကွာဟမှု ရှိခဲ့ရင်လည်း ရုပ်ရည်ဆင်တူမှုနဲ့ အမူအရာကောင်းမွန်မှု(သရုပ်ဆောင်ခြင်းကို ဝါသနာကြီးသူ ဖြစ်ရမည်)အပေါ် မူတည်ပြီး ထည့်သွင်းစဉ်းစားမယ်လို့ ဖော်ပြထားပါတယ်။

       လျှောက်လွှာလင့်ခ် -

https://drive.google.com/file/d/1T5aIwbqQaXsNbFozgGKORsiWHeDXNh80/view?usp=sharing&fbclid=IwAR0nlmPH-QiM_Xalws8i5nwXZ9QMcRAhtp26xpC3YCJk80sP5M8zYeGhonM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013