
ရုရှားနဲ့ မြောက်ကိုရီးယားဟာ တူမန်မြစ်ကိုဖြတ်ပြီး တည်ဆောက်ထားတဲ့ နှစ်နိုင်ငံကြားက ရုရှားနဲ့ မြောက်ကိုရီးယား ခုံးကျော်တံတားကို ဧပြီ ၂၁ ရက်မှာ ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ ရုရှားနိုင်ငံ ပရီမောစကီဒေသ အုပ်ချုပ်ရေးမှူး အိုလက် ကိုဇီမယာကိုက ပြောပါတယ်။
၂၀၂၆ ခုနှစ် ဇွန်လမှာ ကားတွေ သွားလာနိုင်ဖို့အတွက် တံတားကိုဖွင့်ဖို့ စီစဉ်ထားတယ်လို့ ရုရှားအစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။
တံတားတည်ဆောက်မှုကို ၂၀၂၅ ခုနှစ် ဧပြီလက စတင်ခဲ့ပြီး အခမ်းအနားကို ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှူစတင်က ကြီးကြပ်ခဲ့ပါတယ်။
ရုရှားနဲ့ အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်အရ ၂၀၂၄ ခုနှစ်မှာ မြောက်ကိုရီးယားက ရုရှားတပ်တွေနဲ့အတူ ယူကရိန်းကို တိုက်ခိုက်ဖို့ စစ်သား ၁၄,၀၀၀ လောက် စေလွှတ်ပေးခဲ့တယ်လို့ တောင်ကိုရီးယား၊ ယူကရိန်းနဲ့ အနောက်တိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
Source: Reuters











