DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကပ်ဘေးကာလ မွန်ပြည်သစ်နယ်မြေရှိ လူဦးရေ ၉၀,၀၀၀ စားနပ်ရိက္ခာ လိုအပ်နေ    
DVB
·
June 10, 2020
ကိုဗစ်ကပ်ဘေးကာလ မွန်ပြည်သစ်နယ်မြေရှိ လူဦးရေ ၉၀,၀၀၀ စားနပ်ရိက္ခာ လိုအပ်နေ    
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ဖြစ်ပွားမှု အချိန်ကြာလာတာနဲ့အမျှ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက အိမ်ထောင်စု ၆,၀၀၀ လောက်  အခြေခံစားသောက်ကုန် ပြတ်လပ်မှုတွေနဲ့ တွေ့ကြုံနေရပါတယ်။

မွန်ပြည်သစ်ပါတီဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် အန်စီအေမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ 

ပါတီရဲ့ ထိန်းချုပ်နယ်မြေမှာ ကျေးရွာပေါင်း ၆၀၊ အိမ်ထောင်စု ၁၈,၀၀၀ နဲ့ လူဦးရေ ၉၀,၀၀၀ ကျော်ရှိနေပြီး လတ်တလောမှာတော့ အခြေခံစားသောက်ကုန် ပြတ်လပ်လာတဲ့ အခြေအနေကို အိမ်ထောင်စု ၆,၀၀၀ နီးပါး ခံစားနေရတယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။

ဒါကြောင့် အစိုးရအဖွဲ့က အခြေခံလူတန်းစားတွေကို ဒုတိယအကြိမ် ငွေကြေးထောက်ပံ့မယ့် အစီအစဉ်မှာ ပြည်သူတွေကို ထည့်သွင်းပေးဖို့ အကူအညီ တောင်းခံထားပါတယ်။

မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးကတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ ပြည်သူတွေအတွက် ငွေကြေး ထောက်ပံ့ပေးဖို့ အစိုးရအဖွဲ့က လုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီကို ပြီးခဲ့တဲ့ မေလမှာ တပ်မတော်က ကျန်းမာရေး အထောက်အကူ ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီဟာ အန်အယ်လ်ဒီအစိုးရ တက်လာပြီးနောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ 

သတင်း- ဇော်လွင်ထွဋ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013