DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်ကို မုန်တိုင်းတိုက်နိုင်ခြေရှိနေ
DVB
·
May 10, 2013
မြန်မာပြည်ကို မုန်တိုင်းတိုက်နိုင်ခြေရှိနေ
Donate to DVB

တနာရီကို လေတိုက်နှုန်း ၁၀၃ မိုင်နှုန်းထိ ရှိတဲ့ ဆိုင်ကလုန်းမုန်းတိုင်းတခုဟာ လာမယ့် မေလ ၁၄ ရက်နေ့ သန်းခေါင်ယံမှာ ဘင်္ဂလားပင်လယ်အော်ကနေ မြန်မာနိုင်ငံဘက်ကို ဦးတည်တိုက်ခတ်နိုင်တယ်လို့ အမေရိကန် ရေတပ်နဲ့လေတပ် ပူးတွဲ သတိပေးစင်တာက ထုတ်ပြန်လိုက်ကြောင်း ဒီနေ့ညနေပိုင်း ရိုက်တာသတင်းတရပ်မှာ ရေးသားထားပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကတော့ မုန်တိုင်းငယ်အဖြစ် ကြေညာထားပြီး မြန်မာနိုင်ငံဘက်ကို ဦတည်လာခြင်း မရှိသေးကြောင်းနဲ့ စောင့်ကြည့်နေဆဲလို့ ပြောပါတယ်။ တကယ်လို့ မြန်မာနိုင်ငံဘက်ကို ဦးတည်လာခဲ့ရင် သုံးရက်ကြိုတင် သတင်းထုတ်ပြန်မယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

“သတင်းက မှန်လောက်တယ်။ သတင်းအချက်အလက်ယူထားတာက Joint Typhoon Warning Center အမေရိကန်ကပါ။ ကျနော်တို့လည်း ဒါကိုပဲ အားကိုးနေရတာ။ ဒါကသာဆိုရင်တော့ မှန်ကန်ခိုင်လုံတယ်။ သူက ထုတ်ပြန်တာ တိတိကျကျကြီး မေ ၁၄ ရက် အချိန်က ၁၉း၀၀ GMTမှာ မြန်မာပြည်ကို အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး ၀င်မယ် ပြောထားတယ်။ ကျနော်လည်း ဆိုဒ်ကို ပြန်သွားကြည့်တော့ မုန်တိုင်းနဲ့ ပတ်သက်လို့ တင်ထားတာတွေ့တယ်။ တင်ထားတဲ့အထဲတော့ မေ ၁၄ ရက် အချိန်က ၁၉း၀၀ GMTမှာ မြန်မာပြည်ကို ၀င်မယ်လို့တော့ မပါဘူး။”

“ဒါပေမယ့် သူရေးထားတာတွေကို လေ့လာကြည့်တဲ့အခါ တစ် မုန်တိုင်းဟာ လွန်ခဲ့တဲ့ ၆ နာရီအတွင်းမှာ အရှေ့မြောက်ဘက်ကို ရွေ့ခဲ့တယ်လို့ ဖော်ပြထားတယ်။ ကျနော်တို့ဘက်ပေါ့ ရွေ့နှုန်းက ၁ နာရီ ၅ မိုင်လောက်နှုန်းနဲ့ လာတယ်ပြောတယ်။ နောက် မုန်တိုင်းတည်နေရာပြောတော့ တည်နေရာဟာ အရှေ့တောင်ပိုင်း ဆိုတော့ မြန်မာပြည်ပိုင်နက်နဲ့ နီးတယ်ဆိုတဲ့အချက်တွေ့တယ်။ နောက် မုန်တိုင်းတည်နေရာပြ အကွာအဝေးတွေ၊ ကိုးကားထားတဲ့ ပွိုင့်တွေက အိန္ဒိယနဲ့ပြနေရာက အခု ဘင်္ဂလားဒေ့ရှ် စစ်တကောင်းကပြတယ်။ စစ်တကောင်းရဲ့ ဘယ်ဘက်၊ ဘယ်နမိုင်အကွာပေါ့။ အဲတော့ အဲ အချက် ၃ ချက်ကိုတွေ့လိုက်တော့ ဒီဟာ ကျနော်တို့ဘက်ကိုလာမယ်ဆိုတာ အများကြီးဖြစ်နိုင်တဲ့ အနေအထားတွေ့လို့ ကျနော့် သတိပေးထုတ်ပြန်မယ့် သတင်းကို နှိုးဆော်အဆင့်တင်လိုက်တယ်။ ကျနော်တို့ဘက်ကို လာမယ်ဆိုတာတော့ အများကြီး ဖြစ်နိုင်တဲ့ အနေအထားရှိတယ်။ ကျနော့်သတင်းကိုတော့ နှိုးဆော်တဲ့အဆင့်ကို တင်လိုက်တယ်။”

ဘယ်နှရက်လောက်ကြိုပြီး အသေအချာ အတိအကျ ပြောနိုင်မလဲ။

“‘ဒီနေ့ကစ ပြောနေပြီပေါ့။ ပြောတာ ဘယ်လောက်မှန်မလဲ ဒါမှမဟုတ် လွဲသွားမလားဆိုတာ တရက်ချင်း လိုက်ကြည့်မှ သိရမှာပေါ့။ ဒါ နေ့တိုင်း ပြောနေမှာပါပဲ။ အခုကတည်းက ကြိုပြောတယ်လို့ ယူဆပါ။”

အများပြည်သူကို ပြောသင့်တာလေး ပြောပေးပါဦး။

\“ကျနော်က သတင်းတွေကို ၃ ဆင့် ထုတ်ပါတယ်။ ပထမ စောင့်ကြည့်အဆင့်၊ နောက်တဆင့် နှိုးဆော်၊ နောက်ဆုံးအဆင့် သိပ်ကို သေချာပေါက်ဆိုရင် warning (သတိပေးချက်) ဆိုပြီး ကျနော် ထုတ်ပါတယ်။ အခုလောလောဆယ်တော့ ဒုတိယအဆင့် နှိုးဆော်အဆင့်ကို တင်ထားပါတယ်။ warning တော့ ကျနော် မပေးသေးပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013