DVB Logo
Home
မြန်မာသတင်း
အလန်းစားရိုက်ချက်တွေနဲ့ ထွက်ရှိလာသည့် အိုင်ရင်းဇင်မာမြင့်သီချင်း-“မုန်းခဲ့သည်”(ရုပ်သံ)
DVB
·
June 9, 2020
အလန်းစားရိုက်ချက်တွေနဲ့ ထွက်ရှိလာသည့် အိုင်ရင်းဇင်မာမြင့်သီချင်း-“မုန်းခဲ့သည်”(ရုပ်သံ)
Donate to DVB

       ချိုအေးကြည်မြတဲ့ အသံနဲ့ ပရိသတ် ချစ်ခင်အားပေးမှုတွေ ရရှိထားခဲ့တဲ့ တေးသံ ရှင် အိုင်ရင်းဇင်မာမြင့်ရဲ့ အလန်းစားရိုက်ချက်တွေနဲ့ ရိုက်ကူးထားတဲ့ သီချင်းရုပ်သံတပုဒ် ထွက်ရှိလာခဲ့ပါတယ်။

       “မုန်းခဲ့သည်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ရှိုင်းဝေယံက ရေး စပ်ပေးထားခဲ့တာ ဖြစ်ပြီး ဇာတ်လမ်းသရုပ်ဖော်စတိုရီပုံစံရိုက်ကူးမှုမှာတော့ အိုင်ရင်းနဲ့ အတူ လူငယ်သရုပ်ဆောင် ချမ်းမင်းရဲထွဋ်၊ မိုးသင်ဇာတို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

       “စိတ်ထဲမှာဘာမှမရှိ… ဒီလောက်ဆိုလုံလောက်ပြီ… နင့်အတွက်သီးသန့် ဝမ်း နည်းမျက်ရည် ကျစရာငါ့မှမရှိ… ရင်ထဲမှာဗလာနတ္ထိ… နင်မရှိတာ ပိုကောင်းသည်… ငါ့ တန်ဖိုးတောင် မသိတဲ့နင့်ကို… ပြောစရာစကားလုံးမရှိ”

       အသက် ၂၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အိုင်ရင်းဇင်မာမြင့်ဟာ အချစ် အလွမ်းသီချင်း ချိုချိုအေးအေးတွေရော၊ ခပ်မြူးမြူး သီချင်းတွေနဲ့ပါ ပရိသတ်ကို ဖမ်းစားထားနိုင်တဲ့ တေးသံရှင်တဦး ဖြစ်ပါတယ်။

       နာမည်ကြီး အဆိုတော်များစွာ မွေးထုတ်ပေးခဲ့တဲ့ The Best Of Melody World 2018 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲ ရောက်ရှိလာခဲ့တဲ့ အိုင်ရင်းဇင်မာမြင့် ဟာ အတွဲသီချင်းအယ်လ်ဘမ်တွေ၊ အုပ်စုလိုက်သီချင်းအယ်လ်ဘမ်တွေအပြင် တကိုယ်တော် တေးသီချင်းအယ်လ်ဘမ်တွေဖြစ်တဲ့ ယိမ်းလိုက်၊ ချစ်လို့၊ MAR စတဲ့ အယ်လ်ဘမ် ၃ ချပ်ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

သူ့ရဲ့ နှလုံးသား အရင်းအနှီး သီချင်းဟာဆိုရင် ၂၀၁၃ ခုနှစ်၊  ရွှေအက်ဖ်အမ်က ရွေးချယ်ချီးမြှင့်တဲ့ ပရိသတ်တောင်းဆိုမှု အများဆုံးသီချင်းဆုအဖြစ်  ရွေးချယ်ခံခဲ့ရပါတယ်။

ချမ်းချမ်း၊ ဇမ်နူးတို့နဲ့ တွဲပြီး ထွက်ရှိခဲ့တဲ့ အချစ်ထက်မက၊ မြင့်မြတ်၊ ကောင်းကောင်းတို့နဲ့ တွဲပြီး ထွက်ရှိခဲ့တဲ့ ဘဝတကွေ့စတဲ့ အတွဲသီချင်းအယ်လ်ဘမ်တွေဟာလည်း သူ့ရဲ့ မှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။

သူဟာ ၂၀၁၈ ခုနှစ်မှာ နောက်ဆုံးထွက်ရှိခဲ့တဲ့ MAR တေးအယ်လ်ဘမ်နဲ့ တနှစ် တာအတွင်း ဂီတထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်တဲ့ စီးတီးအက်ဖ်အမ်ရဲ့ ဆုချီးမြှင့်ပွဲမှာ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီးသီဆိုသူ(အမျိုးသမီး)တေးသံရှင်ဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

       “ယုံကြည်မှုနဲ့ စည်းတချို့ဖောက်ဖျက်ဖို့… တစုံတယောက်ဝင်လာတဲ့အခါ… တည် ဆောက်ခဲ့ကြတဲ့ နှလုံးသားတခုကို… ဖျက်ဆီးလိုက်တာလား… ငါနင့်ကိုမုန်းသည်… ကြေကွဲစရာ ဘာမှမရှိ… ဝဋ်ကြွေးရှိခဲ့လို့ ပြန်ပေးဆပ်လိုက်ပါသည်… ငါ နင့်ကိုမုန်းသည် … ထပ်ပြောစရာစကားလုံးမရှိ… နင် တခြားတစ်ယောက်နဲ့ပျော်နေတုန်း… ငါလည်း ဘဝသစ်တစ်ခုကိုရှာဖို့… နောက်ဆုံးပတ်သက်ခဲ့သမျှ… ငါ့ကိုယ်ငါလည်းမုန်းသည်”

       ခုလတ်တလော ထွက်ရှိလာတဲ့ “မုန်းခဲ့သည်”သီချင်းရုပ်သံကိုတော့ V7 Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး နာရီပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်အင်တာ နက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါ
တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013