DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမား ၁၂၄ ဦး ကော့သောင်းနယ်စပ်ဂိတ်သို့ ထပ်မံရောက်ရှိ
DVB
·
June 9, 2020
ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမား ၁၂၄ ဦး ကော့သောင်းနယ်စပ်ဂိတ်သို့ ထပ်မံရောက်ရှိ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးကစ်မြို့မှ အမျိုးသား ၈၁ ဦးနဲ့ အမျိုးသမီး ၆၁ဦး စုစုပေါင်း ၁၂၄ ဦး ဇွန်လ ၈ ရက်နေ့က ရနောင်းမြို့မှတဆင့် ကော့သောင်းနယ်စပ်ဂိတ်ကို ရောက်ရှိလာကြပါတယ်။

ပြန်ရောက်ရှိလာတဲ့ မြန်မာရွှေပြောင်းအလုပ်သမားတွေကို ကိုဗစ်-၁၉ ထိမ်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနဲ့ သက်ဆိုင်ရာအဖွဲအစည်းတွေက ကြိုဆိုကြပြီး လဝကက နိုင်ငံသား ဟုတ်မဟုတ် စိစစ်တာနဲ့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေး စစ်ဆေးပေးတာ ကိုယ်ပူချိန်တိုင်းတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

အကူအညီပေးနေတဲ့ အလုပ်သမားပညာပေး စင်တာမှ ကိုမိုးဝေက “ဖူးကစ်မှာ မြန်မာအလုပ်သမား ၁၀၀၀ လောက်ရှိသေးတယ်။ ဒီအထဲမှ တရားမဝင် အလုပ်သမားက ၅၀၀ လောက်ရှိတယ်လို့ သိရတယ်။ ဒီလူတွေ ပြန်လာဖို့အခက်အခဲတွေ ဖြစ်နေသေးတယ်။ ဖူးကစ်မြို့မှာ တရားမဝင်အလုပ်သမား ၅၀၀ လောက်ကို ပြန်လည်ပို့ဆောင်ပေးဖို့ အတွက် နှစ်နိုင်ငံ ညှိနှိုင်းနေသေးတယ်” လို့ ပြောပါတယ်။

အခုရောက်လာတဲ့သူတွေထဲက ကော့သောင်း၊ မြိတ်နဲ့ ထားဝယ်စတဲ့ တနင်္သာရီတိုင်းအတွင်း နေထိုင်သူတွေကို မိမိတို့ဒေသမှာ Quarantine ဝင်ရမှာဖြစ်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်က လူတွေကိုတော့  ထားဝယ်မှာထားပြီးမှ ဆက်လက်​ပြီး ပို့ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါစဖြစ်ပြီး နယ်စပ်တွေပိတ်ပြီးကတည်းက ကော့သောင်းနယ်စပ်ဂိတ်မှ တဆင့် ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း ၇၈၀ ကျော်သွားပြီ ဖြစ်တယ်လို့ လဝကစာရင်းတွေအရ သိရပါတယ်။

သတင်း- လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013