DVB Logo
Home
မြန်မာသတင်း
The Villager အဖွဲ့တေးအယ်လ်ဘမ်-“ရွာတွင်လုပ်သည်”ကာလသားတေးစု ထွက်ရှိမည်(ရုပ်သံ)
DVB
·
June 9, 2020
The Villager အဖွဲ့တေးအယ်လ်ဘမ်-“ရွာတွင်လုပ်သည်”ကာလသားတေးစု ထွက်ရှိမည်(ရုပ်သံ)
Donate to DVB

       ဂီတပြေးလမ်းပေါ် လျှောက်လှမ်းဖို့ သီချင်းဆိုပြိုင်ပွဲတွေကတဆင့် ရောက်ရှိလာ သူတွေ၊ တကိုယ်တော် လျှောက်လှမ်းလာသူတွေ၊ ဝါသနာ၊ ဗီဇတူညီရာ အစုအဖွဲ့နဲ့ ကြိုး စားနေကြသူတွေကြားမှာ The Villager အဖွဲ့ကလည်း ပါဝင်နေပြီး လတ်တလောမှာ တော့ သူတို့အဖွဲ့ရဲ့ တေးအယ်လ်ဘမ်သစ်တချပ် ထွက်ရှိဖို့ ရှိနေပါတယ်။

       ဒီတေးအယ်လ်ဘမ်ရဲ့ နာမည်ကိုတော့ “ရွာတွင်လုပ်သည်”လို့ နာမည်ပေးထားခဲ့ပြီး Tay Than Thar Music အပလီကေးရှင်းကနေ ပထမဆုံးဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။

       လူငယ်ဂီတသမားတွေ စုစည်းထားတဲ့ သူတို့အဖွဲ့ဟာ လွန်ခဲ့တဲ့ ၇ နှစ်လောက်က “ရွာသူ”နာမည်နဲ့ တေးအယ်လ်ဘမ်တချပ် ထွက်ရှိခဲ့ဖူးပေမယ့် သိပ်မသိခဲ့ကြပဲ နောက် ပိုင်းမှာတော့  အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ် လတ်တလောဖြစ်ပျက်နေ တဲ့ အခင်းအကျင်းအခြေအနေတွေနဲ့ ထင်ဟပ်စေတဲ့ တေးသွားစာသားတွေနဲ့ အွန်လိုင်း ပေါ် နာမည်ကြီးလာခဲ့ပါတယ်။

       The Villager Music အမည်နဲ့ သူတို့အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ မျှ ဝေထားခဲ့တဲ့ သီချင်းတွေထဲမှာတော့ နာမည်ကြီးသီချင်းတွေကို သရော်စာပုံစံနဲ့ တေးစာ သားပြောင်းပြီး သီဆိုထားတဲ့ သီချင်းတွေလည်း ပါဝင်ပြီး “အင်းလျားလမ်းက ပန်းဆိုင်” အစား “အင်းလျားထိပ်က ထီးတိုင်”အမည်နဲ့ သီဆိုထားတဲ့ သီချင်း၊ “ရုပ်တုသီချင်း”၊ “ထမင်းဝဝစားကြမယ်”စတဲ့ သီချင်းတွေဟာ ပရိသတ်တွေကြား လူသိများတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

       ခုထွက်ရှိမယ့် “ရွာတွင်လုပ်သည်”တေးအယ်လ်ဘမ်ထဲမှာတော့ ဇာတ်ကီး၊ ကျန်ရစ်၊ အုန်နာ များ၊ မုဗ် မုဗ်၊ ဘုံကြားနဲ့ခြုံဖျား၊ သံဝေဂ သံခိပ်၊ မော်တီဗေးရှင်း၊ မက်တာ ဘောလစ် ဆင်ဒရုမ်း၊ မသိဘူး မရှိဘူး ကုန်ပြီ၊ ဗြန်ဗြောင်းစတဲ့ သီချင်း ၁၀ ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။

       သီချင်းအမျိုးအစားရယ်လို့ တသမတ်တည်း သတ်မှတ်လို့ မရတဲ့ The Villager အ ဖွဲ့ရဲ့ သီချင်းတွေမှာတော့ အားလုံးရဲ့ နေ့စဉ်လူမှုဘဝတွေကို ပြန်ပြောင်းတွေးမိစေနိုင်မယ့် သီချင်းစာသားအားပြုထားတဲ့ ဇာတ်လမ်းပုံစံ ဖန်တီးရေးသားမှုတွေကို ခံစားနားဆင်ကြရ မှာ ဖြစ်ပါတယ်။

       The Villager တေးဂီတအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာတော့ ဒီတေးအယ်လ်ဘမ်နဲ့ပတ်သက်ပြီး ခုလိုဖော်ပြထားခဲ့တာပါ။

“ရွာတွင်လုပ်သည် ကာလသား​တေးစု အ​ခွေက ​နောက်လထွက်ပါမယ်။ Online Platform အ​နေနဲ့ ​​တေးသံသာ Music Application ကတစ်လကြို​စောထွက်ပါမယ်။ ဒီရက်ပိုင်းအတွင်း ​တေးသံသာမှာ ဝယ်ယူနားဆင်လို့ရပါပြီ။ အ​ခွေနာမည်က #ရွာတွင်လုပ်သည် ပါ။ မူးယစ်​သောက်စားတဲ့အ​ကြောင်းအရာ​တွေ၊ မရင့်ကျက်သူ​တွေအ တွက် ခံယူချက်​မှောက်မှား​စေတဲ့ အ​ကြောင်းအရာ​တွေပါတာမို့ အသက် ၁၈ နှစ်အထက် အရွယ်​ရောက်ပြီးသူများသာ နား​ထောင်​ပေးကြဖို့ ​မေတ္တာရပ်ပါတယ်”

တေးအယ်လ်ဘမ်သစ်ထဲမှာ ပါဝင်တဲ့ သံဝေဂသံခိပ်သီချင်းကို ပရိသတ်တွေ အနေနဲ့ အောက် မှာ ဖော်ပြထားတဲ့ လင့်ခ်ကတဆင့် ကြိုတင်ခံစားနားဆင်ကြည့်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013