Home
မြန်မာသတင်း
မလေးရှားက ပြန်လာသူ ၃၅ ဦးကို ကျန်းမာရေး အသေးစိတ်စစ်ဆေးမည်
DVB
·
June 9, 2020
103137577_633246247535652_6991883971626149198_o
102670565_633245114202432_1815022286046956162_o
101832056_633245040869106_2147271611662942930_o
101804842_633246200868990_4843419203444271315_o
101102884_633244987535778_4553011149876775655_o
မလေးရှားနိုင်ငံကနေ ပြန်လာသူတွေဆီကနေ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့အတွက် မလေးရှားပြန် မြန်မာနိုင်ငံသား ၃၅ ဦးကို ကျန်းမာရေး အသေးစိတ် စစ်ဆေးသွားမယ်လို့ ဘားအံခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ ဦးတေဇာအောင်က ပြောပါတယ်။ ဇွန်လ ၈ ရက်က မလေးရှားနိုင်ငံကနေ ပြစ်ဒဏ်ရက်စေ့ပြီး ပြန်လည်လွှတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား ၃၅ ယောက်ဟာ ​ထိုင်းနိုင်ငံကနေတဆင့် မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားကို ဝင်ရောက်လာတာ​ဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပေမယ့် ပိုမိုသေချာစေဖို့အတွက် အသေးစိတ်စစ်ဆေးသွားဖို့ ရှိနေတာပါ။ အခုလို ကျန်းမာရေးစစ်ဆေးရတာဟာ မလေးရှားနိုင်ငံကနေ ပြန်လည် ဝင်‌ရောက်လာသူ ၃၄ ယောက်စီကနေ Positive တွေ့ရှိခဲ့တဲ့အပြင် အဆိုပါအုပ်စုနဲ့ တစ်အုပ်စု တည်းဖြစ်တဲ့အတွက် Quarantine ဝင်ရောက်ပြီး ၅ ရက်မြောက်နေ့မှ စစ်ဆေးသွားမယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။ ဦးတေဇာအောင်က “ရောက်ရှိလာရင် ဓာတ်ခွဲနမူနာ မယူသေးဘူး။ ပိုပြီးတော့ ထိရောက်အောင် ၅ ရက်မြောက်နေ့ကျမှ ကိုဗစ် စစ်ဆေးမယ်၊၊ ကျန်တာတွေကိုတော့ အသေးစိတ်စစ်ဆေးပြီးတော့မှ ဆောင်ရွက်သွားမယ်”လို့ ပြောပါတယ်။ ပြန်လည်ဝင်ရောက်လာသူတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့  Immigration Detention Center(IDC)မှာ ထိန်းသိမ်းခံရပြီး ပြစ်ဒဏ်ရက်စေ့လို့  ပြန်လည်လွတ်မြောက်လာသူတွေပါ။ မဲဆောက်မြို့ အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က “အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရတဲ့အတွက် သံရုံးတွေနဲ့ အပေါ်မှာစိစစ်ပြီးမှာ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးတွေ ညှိနှိုင်းပြီးတော့မှ ပြန်လည် လွှဲ‌ပြောင်းပေးပို့တာ ဖြစ်တယ်”လို့ ပြောပါတယ်။ ဇွန်လ ၈ ရက်နေ့မှာပဲ ဘားအံမြို့ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည် ထူထောင်ရေးစခန်းမှာ သီးခြား Quarantine ၂၁ ရက် ဝင်ရောက်မှာဖြစ်ပြီး ကျန်းမာရေး စစ်ဆေးဆောင်ရွက်သွားမှာပါ။ မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ မေလ ၂၃ ရက်နေ့မှစတင်ပြီး ဒီကနေ့အထိ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ရက်စေ့လွတ်မြောက်လာသူ ၄၀၀ နီးပါးရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024