DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် အမှတ် ၂၄၄ ကို လှဖိုးခေါင်စခန်းမှ မောင်တောဆေးရုံသို့ပို့ဆောင်
DVB
·
June 9, 2020
ကိုဗစ်-၁၉ လူနာသစ် အမှတ် ၂၄၄ ကို လှဖိုးခေါင်စခန်းမှ မောင်တောဆေးရုံသို့ပို့ဆောင်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ  ပြန်ဝင်ရောက်လာသူတွေ ထဲက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိသူ ၂ ဦးရှိလာပြီဖြစ်တယ်လို့ မောင်တောခရိုင် ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။

"အခုရောဂါပိုးတွေ့သူက မောင်တောမှာ ဒုတိယမြောက်တွေ့ရှိသူဖြစ်တယ်"လို့ မောင်တော ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။

မောင်တောမြို့မှာ ဒုတိယမြောက်တွေ့ရှိတဲ့ ကိုဗစ်-၁၉ လူနာအမှတ် ၂၄၄ ဟာ မေလ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လာတဲ့ အသက် ၂၅ နှစ်အရွယ် ဟိန္ဒူအမျိုးသားတစ်ဦးဖြစ်ပြီး မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင်နေထိုင်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။

ကြိမ်ချောင်းကျေးရွာကတဆင့် လှဖိုးခေါင်ယာယီပြန်လည်လက်ခံရေးစခန်းသို့ ဇွန်လ ၅ ရက်နေ့မှာ ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် ပို့ဆောင်ခဲ့တာဖြစ်တယ်လို့လည်း စုံစမ်း သိရှိရပါတယ်။

သူ့ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်တို့ကို  ဓာတ်ခွဲစစ်ဆေးဖို့ ပို့ဆောင်ခဲ့ရာမှာ  ဇွန်လ ၈ ရက်နေ့ ညနေပိုင်းမှာ  ပိုးတွေ့လူနာအဖြစ်  ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အတည်ပြု ကြေညာခဲ့ ပါတယ်။

အဆိုပါလူနာကို မနေ့ညက  လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းမှ မောင်တောဆေးရုံသို့ ညတွင်းချင်း သယ်ဆောင်လာစဉ် မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း က သတင်းထောက်တွေကို ဆေးရုံထဲသို့ မဝင်ဖို့နဲ့ ဓာတ်ပုံတွေ မရိုက်ဖို့ ကြိမ်းမောင်းပြောဆို ခဲ့ပါတယ်။

မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်မောင်မောင်သိန်းက “အခုအချိန်က ည ၁၀ နာရီရှိပြီ ညမထွက်အမိန့်ရှိတယ်။ လူနာသယ်လာတာ ဓာတ်ပုံရိုက်လို့မရဘူး။ မင်းတို့မေးတဲ့ အင်တာဗျူးလည်း မဖြေနိုင်ဘူး”လို့ ပြောပါတယ်။

မောင်တောမြို့နယ်မှာ ဇွန်လ ၄ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ တရားမဝင် ပြန်လာတဲ့ အသက် ၃၈ နှစ်အရွယ် မွတ်ဆလင်အမျိုးသားတစ်ဦးမှာ  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။

သတင်း-လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013