DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ တောင်းဆို
DVB
·
June 8, 2020
ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ တောင်းဆို
Donate to DVB

လာမယ့် နိုဝင်ဘာလမှာ အထွေထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြည်တောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာထားတာနဲ့ ပတ်သက်လို့ ဆွေးနွေးလိုကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီက ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆို လိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပမယ်ဆိုပါက ပြည်နယ်အခြေစိုက် ဖွင့်လှစ်ထားတဲ့ ပါတီတွေနဲ့ အကြိုဆွေးနွေးဖို့ လိုအပ်တယ်လို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ‌ဒေါက်တာ M‌ကောန်လက ပြောပါတယ်။

“ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အကောင်အထည်ဖော်တဲ့နေရာမှာ ပြည်နယ်တိုင်းက သက်ဆိုင်ရာ ဒေသအလိုက်က  ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေက အကောင်အထည်ဖော်တယ်။ အကောင်အထည်ဖော်တဲ့နေရာမှာ တချို့ကျတော့ ဗဟိုက လိုအပ်တဲ့ ဟာကို ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ပေမယ့် တချို့ကျတော့ ပြည်နယ်တိုင်းကနေပြီးတော့မှ‌ သူ့လိုအပ်ချက်အရ သူပြန်ပြီးတော့မှ စာရင်းအချက်အလက်တွေကို ပေးပို့ရတာရှိတယ်။ အဲလို ကိစ္စတွေမှာ ကျနော်တို့စကားပြောဖို့ လိုတယ်လို့ ကျနော်တို့ ယူဆတယ်ပေါ့နော်” 

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်နယ်အတွင်းက ပါတီအားလုံးနဲ့ ဆွေးနွေးစေလိုကြောင်းနဲ့ ကျန်တဲ့ပါတီကို မခေါ်ရင်လည်း ကချင်အမျိုးသားကွန်ဂရက်ပါတီနဲ့ အချက် ၅ ချက်ဆွေးနွေးလိုကြောင်းလည်း စာမှာ ဖော်ပြပါတယ်။

ဆွေးနွေးလိုတဲ့အချက် ၅ ချက်ကတော့ ရက်ပေါင်း ၉၀ နေထိုင်သူများ သက်ဆိုင်ရာ ရောက်ရှိတဲ့ဒေသမှာ မဲပေးမယ့်ကိစ္စ လူဦးရေစာရင်းကောက်ယူပုံ၊ ဝေးလံခေါင်ဖျားနေတဲ့ ဒေသခံ နိုင်ငံသားတွေကို‌၏ မဲပေးခွင့်‌ရရေးနဲ့ မဲဆန္ဒနယ် တိုးချဲ့သတ်မှတ်ရေးကိစ္စ၊ ကိုယ်စားလောင်းများ လိုက်နာရမယ့် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်ကိစ္စ၊ ကြိုတင်မဲ သတ်မှတ်ပုံကိစ္စနဲ့ ဧည့်နိုင်ငံသားများကို ပါဝင်မဲပေးခွင့် သတ်မှတ်တဲ့ကိစ္စတွေကို ဆွေးနွေးလိုကြောင်း စာမှာ ဖော်ပြထားပါတယ်။

“တကယ် ယူအီးစီက အကောင်အထည်ဖော်မယ့်ရက်ပေါင်း ၉၀ ကို မဲပေးမယ့်သူတွေကို ဘယ်အချိန်မှာ ဘယ်သူ့ကို တရားဝင်သူတို့သတ်မှတ်မလဲပေါ့။ သူတို့သဘောထားနဲ့သူတို့ ကောင်းမွန် သလိုပဲ စီမံခန့်ခွဲမယ် ကျနော်တို့  နစ်နာမယ်ဆိုရင် မဲဆန္ဒပေးတဲ့အခွင့်အရေးက တခုခုဖြစ်သွားပြီဆိုရင် အဖြစ်ခံလို့မရဘူး ပြည်နယ်တွေမှာက ဒီလိုပြဿနာတွေရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က သူတို့ဘာလုပ်မလဲဆိုတာ သိချင်တယ်။”

အလားတူ မဲပေးနိုင်သူ အရည်အချင်း သတ်မှတ်ခြင်းမှာ  ဧည့်နိုင်ငံသားတွေကို ပါဝင်မဲပေးခွင့် သတ်မှတ်ထားတဲ့အတွက် ဧည့်နိုင်ငံသားဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

အဆိုပါအိတ်ဖွင့်ပေးစာကို ဒီကနေ့မနက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို သွားရောက်ပေးဖို့ထားပြီး အကြောင်းမပြန်သေးကြောင်းလည်း  ဒေါက်တာM‌ကောန်လက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလအတွင်းမှာပဲ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က  ဇွန်လ ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို  ပုံမှန်အတိုင်း ၄ လကြိုတင် ကြေညာသွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013