Home
မြန်မာသတင်း
ဖိလစ်ပိုင်၊ အမေရိကန်၊ ကိုရီးယား၊ ပြင်သစ်အပါအဝင် ၁၀ နိုင်ငံမှ  မြန်မာနိုင်ငံသား ၂၀၀ ခန့် ပြန်ခေါ်
DVB
·
June 8, 2020
103053766_1481478828719074_5653499395625996669_o
103032029_1481479128719044_6592488252407541443_o
101541129_1481478748719082_9216572913108281908_o
ဖိလစ်ပိုင်၊ အမေရိကန်၊ ကိုရီးယား၊ ပြင်သစ်အပါအဝင် ၁၀ နိုင်ငံမှာ အခက်အခဲ ကြုံနေတဲ့ မြန်မာနိုင်ငံသား ၂၀၀ လောက်ကို အထူးလေယာဉ်၊ ကယ်ဆယ်ရေး လေယာဉ်တို့နဲ့ ဒီနေ့ပြန်ခေါ်လာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာဆိပ်ကမ်းမှာ ကျောက်ချရပ်နားနေတဲ့ Royal Caribbean Cruise.Ltd ကုမ္ပဏီပိုင် အပျော်စီးသင်္ဘောလိုင်းက မြန်မာသင်္ဘောသား အမှုထမ်းစုစုပေါင်း အယောက် ၃၀ ကို အဲဒီကုမ္ပဏီနဲ့ မြန်မာသံရုံးတို့ ပူးပေါင်းစီစဉ်တဲ့ Relief Flight Air Asia Philippines အထူးလေယာဉ်နဲ့ ဒီနေ့ မြန်မာနိုင်ငံကို ပြန်ခေါ်လာခဲ့ပါတယ်။ ပြီးတော့ ကိုရီးယားနဲ့ တခြားနိုင်ငံတွေမှာရောက်နေပြီး မြန်မာနိုင်ငံက လေဆိပ်တွေမှာ ပြည်ပလေယာဉ်တွေ ဆိုက်ရောက်ခွင့် ပိတ်ထားတာကြောင့် အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသား ၁၆၉ ယောက်ကိုလည်း ကိုရီးယားကနေ ၇ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်နဲ့ ဒီနေ့ပဲ မြန်မာနိုင်ငံကို ပြန်ခေါ်လာခဲ့ပါတယ်။ ဒီထဲမှာ ကိုရီးယားရောက် မြန်မာ ၅၈ ယောက်၊ အမေရိကန်ပြည်ထောင်စု၊ စပိန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ တို့ကနေ လာရောက်လိုက်ပါတဲ့ မြန်မာနိုင်ငံသား ၈၇ ယောက်၊ မြန်မာသင်္ဘောသား ၂၄ ယောက်တို့ လိုက်ပါလာပါတယ်။ ဒီနေ့အထိဆိုရင် ပြည်ပနိုင်ငံတွေမှာ အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသား ၃၃၉၁ ယောက်ကို အထူးလေယာဉ်၊ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံဆီ ပြန်ခေါ်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024