DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်အတွက် ဒိန်းမတ်နိုင်ငံက Isolation Gown ဝတ်စုံ ၁၀၀၀ ပေးအပ် 
DVB
·
June 8, 2020
ရေးမြို့နယ်အတွက် ဒိန်းမတ်နိုင်ငံက Isolation Gown ဝတ်စုံ ၁၀၀၀ ပေးအပ် 
1 / 5
Donate to DVB

ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် အစီအစဉ်တစ်ရပ်အနေနဲ့ ဒိန်းမတ်နိုင်ငံက မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ထောက်ပံ့ကူညီမှုပေးနေတဲ့ အရပ်ဘက်အဖွဲ့ထံသို့ Isolation Gown တွေ ဒိန်းမတ်သံရုံးကတဆင့် ပံ့ပိုးကူညီ ပါတယ်။

ကျပ်သိန်း ၇၀ တန်ဖိုးရှိတဲ့ အဲဒီ Isolation Gown အစုံ ၁၀၀၀ ကို မွန်ပြည်နယ်အတွင်း ရေးမြို့နယ်တစ်ခုတည်းသာ ရရှိခဲ့တာဖြစ်ပြီး မြို့နယ်အတွင်းရှိ ဆေးရုံတွေနဲ့  ဌာနဆိုင်ရာတွေကို ဇွန်လ ၈ ရက်နေ့က သွားရောက်လှူဒါန်းပေးနေတာပါ။

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “ မွန်မှာ ရေးမြို့နယ်တစ်ခုတည်းသာ ပေးပို့ကူညီတာပါ။ အဲဒီရရှိထားတဲ့ အစုံ ၁၀၀၀ ကို ဒီနေ့မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း ဦးဆောင်ပြီးတော့ မြို့နယ်အတွင်းက ဆေးရုံတွေနဲ့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီကို လိုက်လံလှူ ဒါန်းပေးနေခြင်းပါ'' လို့ ပြောပါတယ်။

အဆိုပါကာကွယ်ရေးဝတ်စုံအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စမ်းသပ်ကုသရေး လုပ်ငန်းတွေမှာ အကျိုးရှိစွာ အသုံးချနိုင်မှာဖြစ်ကြောင်းနဲ့ ဒိန်းမတ်ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါကြောင်း ရေးမြို့ပြည်သူ့ဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရေးမြို့နယ်အတွင်း အရပ်ဘက်အဖွဲ့များ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ထောက်ပံ့ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်း အများပြည်သူ လှူဒါန်းငွေနဲ့ mask ၂၀၀၀၀ ခန့်၊ PPE အစုံ ၁၀၀၊ လက်အိတ်အစုံ ၇၀၀၀ ကျော်အပါအဝင် ဖျန်းဆေးဂါလံ ၁၀၀ ကျော်ကို မြို့နယ်အတွင်းရှိ ဆေးရုံများ၊ စခန်းများနဲ့ ရပ်ရွာများရှိ အရပ်ဘက်အဖွဲ့တွေထံ ပေးပို့လှူဒါန်းထားပါတယ်။

သတင်း- ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013