DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာအမှတ် ၁၉၁ ပုသိမ်ဆေးရုံမှ ဆင်းခွင့်ရ
DVB
·
June 8, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၁၉၁ ပုသိမ်ဆေးရုံမှ ဆင်းခွင့်ရ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ပထမဆုံး ကိုဗစ်-၁၉  လူနာ အသက် ၂၀ အရွယ်အမျိုးသားဟာ ဓာတ်ခွဲအဖြေရလဒ် ၂ ကြိမ်ထိ ရောဂါမတွေ့ရှိတော့တာကြောင့် ဇွန်လ ၈ ရက် မနက်ပိုင်းမှာ ဆေးရုံက ဆင်းခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

လူနာအမှတ် ၁၉၁ ဟာ မလေးရှားနိုင်ငံပြန်လာသူဖြစ်ပြီး မေ ၁၉ ရက်နေ့မှာ ရောဂါပိုး စတင် တွေ့ရှိခဲ့ကာ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ဆေးကုသခဲ့ပြီးနောက် မေလ ၃၀ ရက်နေ့နဲ့ ဇွန်လ ၁ ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ချိန်မှာ ရောဂါပိုးမတွေ့ရှိ တာကြောင့် ဆေးရုံမှာ အသွားအလာကန့်သတ်စောင့်ကြည့်မှု ၇ ရက်ပြုလုပ်ခဲ့ပြီး အိမ်ပြန်ခွင့်ပြုခဲ့တာလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က DVB ကိုပြောပါတယ်။

"သူ့ကို ရောဂါပိုးတွေ့ပြီးနောက်ပိုင်း ၂ ကြိမ်ထပ်စစ်တယ်၊ အဲ့ ၂ ကြိမ်လုံးမှာ ပိုးမတွေ့ဘူး ဆိုတဲ့ အဖြေထွက်တယ်။ အမှန်က သူကို Facility Quatantine မှာ ဆက်ထားရမှာ နေရာအခက်အခဲကြောင့် ဆေးရုံမှာထားပြီး ခုရက်ပြည့်လို့ ဆင်းခွင့်ပြုတာပါ။”

လူနာအမှတ် ၁၉၁ ကို ရောဂါကင်းစင်ပြီဖြစ်တဲ့အတွက် အိမ်ပြန်ခွင့်ပြုခဲ့ပေမဲ့ အိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေလ ၁၉ ရက်နေ့က စတင်ကာ မလေးရှားနိုင်ငံက ပြန်လာသူ ၂ ဦးမှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ပထမဆုံးစတင်တွေ့ရှိခဲ့တဲ့ လူနာအမှတ် ၁၉၁ မှာ ရောဂါကင်းစင်ပြီဖြစ်တာကြောင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီဖြစ်ပြီး လူနာအမှတ် ၂၀၇ ကိုတော့ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာပဲ ဆက်လက်ဆေးကုသမှုတွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံကပြန်လာပြီး ဧရာဝတီတိုင်းမှာ ဒုတိယမြောက်ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာအမှတ် ၂၀၇ ကို ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုတွေလုပ်ဆောင်ပေးနေပြီး လက်ရှိအချိန်မှာ ကျန်းမာရေးကောင်းမွန်နေကာ ဇွန် ၈ ရက်နေ့မှာ ဓာတ်ခွဲစစ်ဆေးတာတွေ ပြုလုပ်ထားတယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ဇွန်လ ပထမပတ်အထိ ဧရာဝတီတိုင်းကို တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံကပြန်လာတဲ့ ရွှေ့ပြောင်းအလုပ် သမား ၁၈၀၀ ကျော်ရှိပြီ ပုသိမ်နဲ့ မအူပင်မြို့နယ်က အသွားအလာကန့်သတ် စောင့်ကြည့်စင်တာတွေမှာ ၂၁ ရက်စောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူက DVB ကိုပြောပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013