DVB Logo
Home
မြန်မာသတင်း
မြန်မာအိုင်ဒေါတေးသံရှင် ဆိုဖီယာ၏အသည်းကွဲသီချင်းသစ်-“ဘာကြောင့်လဲ-Why”(ရုပ်သံ)
DVB
·
June 8, 2020
မြန်မာအိုင်ဒေါတေးသံရှင် ဆိုဖီယာ၏အသည်းကွဲသီချင်းသစ်-“ဘာကြောင့်လဲ-Why”(ရုပ်သံ)
Donate to DVB

“နင်မရှိတော့တဲ့ ငါ့ရဲ့ အခန်းကျဉ်းကလေးထဲမှာ နေသားကျနေ… ဘယ်တဦးတ ယောက်အတွက် အနှောက်အယှက်ပေးမိသွားတာ မလိုလားဘူးလေ… ငါ့မေတ္တာနဲ့ အ ဆင်ပြေပါစေ… မျှော်လင့်ချက်မဲ့တဲ့ ငါ့ရဲ့ စိတ်ဓာတ်တို့ဟာ ပြိုလဲကျနေ… အားတင်းပြီးမှ ပြန်ကာ မထနိုင်တော့… မင်းမရှိတော့မှ ဒီမြို့ကြီးမှာ အသက်မရှင်ချင်တော့”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ တေးသံရှင် ဆိုဖီယာရဲ့ သီချင်းသစ် တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

ဘာကြောင့်လဲ-Why လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ငြိမ်းချမ်း ကိုက ရေးစပ်ပေးထားခဲ့တာ ဖြစ်ပြီး V7 Entertainment ကနေ တင်ဆက်လိုက်တာ ဖြစ် ပါတယ်။

“ဘာကြောင့်လဲ… ဘာကြောင့်လဲ… ငါတို့မဆုံဖြစ်တာ ဘာကြောင့်လဲ… မဖြစ်နိုင် တဲ့ မျှော်လင့်ချက်တွေ ထားခဲ့မိရုံပါပဲ… ဘာကြောင့်လဲ… ဘာကြောင့်လဲ… တို့ဝေးခဲ့တာ ဘာကြောင့်လဲ… ဝင်လာခဲ့ ထွက်သွားမယ့် ခြေလှမ်းတွေ… ငါမရိပ်မိခဲ့”

အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆိုဖီယာဟာ ငယ်စဉ်ကတည်းက ဂီတဝါသ နာပါသူဖြစ်ပြီး ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ Myanmar Idol Season 1 သီချင်းဆိုပြိုင်ပွဲမှတဆင့် ပရိသတ်အားပေးလက်ခံမှုတွေနဲ့ ဂီတလျှောက်လမ်းပေါ် လျှောက်လှမ်းလာခဲ့သူ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ ဆိုဖီယာက Winner ဆုရှင် စောလားထော်ဝါး၊ နင်ဇီမေ၊ အမ်ဇော် ရိန်တို့နဲ့အတူ Top 4 အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ၂၀၁၇ ခုနှစ်မှာ Never Mind ၊ ၂၀၁၈ ခုနှစ်မှာ နင့်ရဲ့ စတဲ့ တေး အယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီး လတ်တလောမှာတော့ အတွဲသီချင်းတွေမှာရော ဆင် ဂယ်လ်သီချင်းတွေမှာပါ သီဆိုလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာပါ။

R&B အမျိုးအစားသီချင်းတွေနဲ့ အောင်မြင်ခဲ့တဲ့ သူ့သီချင်းတွေထဲမှာတော့ Crush On You ၊ Medusa ၊ အဆိုတော် စန္ဒီမြင့်လွင်နဲ့ တွဲဖက်သီဆိုထားတဲ့ IDFC – I Don’t Fucking Care ၊ နင်ဇီမေနဲ့ တွဲဖက်သီဆိုထားတဲ့ ရွံစရာကြီးစတဲ့ သီချင်းတွေကတော့ ပ ရိတ်သတ်လက်ခံအားပေးမှုတွေ ရရှိထားခဲ့တဲ့ သီချင်းတွေ ဖြစ်ပါတယ်။

“ဘာကြောင့်လဲ… ဘာကြောင့်လဲ… ငါတို့မဆုံဖြစ်တာ ဘာကြောင့်လဲ… မဖြစ်နိုင် တဲ့ မျှော်လင့်ချက်တွေ ထားခဲ့မိရုံပါပဲ… ဘာကြောင့်လဲ… ဘာကြောင့်လဲ… တို့ဝေးခဲ့တာ ဘာကြောင့်လဲ… ဝင်လာခဲ့ ထွက်သွားမယ့် ခြေလှမ်းတွေ… ငါမရိပ်မိခဲ့”

အခုအသစ်ထွက်လာတဲ့ သီချင်းကတော့ ဘဝထဲက ထွက်သွားခဲ့တဲ့ ချစ်သူကောင် လေးကြောင့် ပြိုလဲကျနေတဲ့ ကောင်မလေးတယောက်ရဲ့ ခံစားချက်တွေနဲ့အတူ ချစ်သူရှိ လျက်နဲ့ နောက်တယောက်ထပ်ချစ်နိုင်တဲ့ အဓိပ္ပါယ်နဲ့ ပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်းရုပ်သံကိုတော့ ဇာတ်လမ်းပုံစံဖန်တီးထားခဲ့ပြီး သရုပ်ဆောင်ထွန်းထွန်း၊ ဝိုင်းစန္ဒာလင်း၊ ကြည်ဖြူခိုင်တို့နဲ့အတူ ဆိုဖီယာက ပါဝင်သရုပ်ဆောင်ထားတာပါ။

လတ်တလောမှာတော့ ဒီသီချင်းကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက် နှာပေါ်မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၂ သိန်းကျော်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013