DVB Logo
Home
မြန်မာသတင်း
သဘာဝကို ချစ်ခင်မြတ်နိုးသူ၊ ထိန်းသိမ်းစောင့်ရှောက်သူဖြစ်စေရန် သမ္မတဦးဝင်းမြင့် တိုက်တွန်း
DVB
·
June 5, 2020
သဘာဝကို ချစ်ခင်မြတ်နိုးသူ၊ ထိန်းသိမ်းစောင့်ရှောက်သူဖြစ်စေရန် သမ္မတဦးဝင်းမြင့် တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး သဘာဝကို ချစ်ခင်မြတ်နိုးသူတွေဖြစ်စေဖို့နဲ့ သဘာဝကို ထိန်းသိမ်းစောင့်ရှောက်သူတွေဖြစ်စေဖို့  ဒီကနေ့ ဇွန် ၅ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ ဂေဟစနစ်တွေအပါအဝင် သဘာဝပတ်ဝန်းကျင်ရဲ့ အကျိုးပြုမှု တန်ဖိုးတွေကို သိရှိထားပြီး ဖြစ်တဲ့အားလျော်စွာ ယနေ့ရင်ဆိုင်နေကြရတဲ့ ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုဆိုင်ရာ ဘေးဒုက္ခတွေကို ဖြေရှင်းနိုင်ဖို့ သဘာဝပတ်ဝန်းကျင်ကို မဖြစ်မနေထိန်းသိမ်းဖို့လိုတယ်လို့လည်း သမ္မတက ပြောပါတယ်။

“နိုင်ငံသူနိုင်ငံသားအားလုံး သဘာဝ (Nature) ကို ချစ်ခင်မြတ်နိုးသူများ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သူများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များကို တန်ဖိုး ထားသူများဖြစ်ကြပြီး စိမ်းလန်းစိုပြည်သာယာလှပသည့် အမိမြန်မာနိုင်ငံတော်ဖြစ်အောင် စုပေါင်းပုံဖော်ကြပါရန် အလေးအနက် တိုက်တွန်းလျှက် သဝဏ်လွှာပေးပို့အပ်ပါသည်” လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဟာ ကမ္ဘာကြီးမှာ ကြုံတွေ့ နေရတဲ့ ပတ်ဝန်းကျင် ဆိုင်ရာစိန်ခေါ်မှုတွေကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် ကမ္ဘာ တဝန်းမှ ပြည်သူတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ အစိုးရတွေ အရှိန်အဟုန်နဲ့ ကျယ်ကျယ် ပြန့်ပြန့် ပါဝင်ဆောင်ရွက်လာစေဖို့ စွမ်းအားပြည့်ဝတဲ့ ပေါင်းကူးစင်္ကြံကြီးတစ်ခုဖြစ်တယ်လို့ ယုံကြည်ကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့လည်း ကမ္ဘာ့နိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့  သမ္မတက ပြောပါတယ်။ 

နိုင်ငံတော်အနေနဲ့ ကာဗွန်ထုတ်လွှတ်မှုလျော့နည်းပြီး ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိတဲ့ နိုင်ငံအဖြစ် ဖော်ဆောင်နိုင်ဖို့    မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ     မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀ ပြည့်နှစ်) တို့ကို ချမှတ်ထားသလို  စိမ်းလန်းသန့်ရှင်းပြီး   ကောင်းမွန် မျှတတဲ့ ပတ်ဝန်းကျင်ကို   ဖော်ဆောင်ဖို့  အမျိုးသားအဆင့်   စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကိုလည်း ချမှတ်ထားတယ်လို့ သိရပါတယ်။

အခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက “Biodiversity” လို့ သတ်မှတ်ထားပြီး  မြန်မာနိုင်ငံအနေနဲ့ “တို့ကမ္ဘာမြေရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံ မျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့” ဆိုတဲ့ ဆောင်ပုဒ် သတ်မှတ်ထားပါတယ်။

ဓာတ်ပုံ- သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013