DVB Logo
Home
မြန်မာသတင်း
မြဝတီကုန်သွယ်ရေးဇုန်မှ ၈ လတာကာလအတွင်း ကုန်သွယ်မှုဝင်ငွေ ဒေါ်လာသန်း ၉၅၀ ရရှိ
DVB
·
June 5, 2020
မြဝတီကုန်သွယ်ရေးဇုန်မှ ၈ လတာကာလအတွင်း ကုန်သွယ်မှုဝင်ငွေ ဒေါ်လာသန်း ၉၅၀ ရရှိ
Donate to DVB

မြဝတီကုန်သွယ်ရေးဇုန်ကနေ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာ နှစ်အတွက် ကုန်သွယ်မှုဝင်ငွေ ၁ ဘီလီယံ မျှော်မှန်းထားရာမှာ ၈ လတာကာလအတွင်း ဒေါ်လာသန်း ၉၅၀၊ ရာခိုင်နှုန်းအနေနဲ့ ၈၆ ရာခိုင်နှုန်းကျော် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံနဲ့ နှစ်နိုင်ငံကုန်သွယ်မှုကနေ မျှော်မှန်းထားချက် ၁ ဘီလီယံ ပြည့်မီသွားပြီးဖြစ်သလို ကိုဗစ်ကာလ နှစ်နိုင်ငံကုန်သွယ်မှု မထိခိုက်အောင် ကြိုတင်ညှိနှိုင်းဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာလအတွင်း ကုန်သွယ်မှုကို မထိခိုက်စေပဲ အဓိကစီးပွားရေးကို ထိခိုက်ရင်တော့ ကိုဗစ်ကိုတွန်းလှန်နိုင်ဖို့ အခက်အခဲရှိတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။ 

အာဆီယံက သတ်မှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းကို နိုင်ငံတော်က လိုက်နာပေမယ့် ထိုင်းနိုင်ငံဘက်က ကုန်သွယ်မှုပြုလုပ်ရာမှာ အမျိုးသားအကျိုးစီးပွား အကြောင်းပြချက်နဲ့ အိတ်စ်စပို့ကို ကန့်သတ်တာတွေရှိတယ်လို့ မြဝတီကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။

ကိုဗစ်ကာလ မြဝတီကုန်သွယ်ရေးဇုန်အနေနဲ့ နှစ်နိုင်ငံကုန်သွယ်မှု ပုံမှန်ဆောင်ရွက်နေသလို ကျဆင်းသွားတာမရှိဘူးလို့ ကုန်သွယ်ရေးဉီးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန် ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းက ပြောပါတယ်။

"မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ကိုဗစ်ကာလ သာမန်အတိုင်းပါပဲ။ ကုန်သွယ်မှု ကျဆင်းသွားတာမရှိဘဲ ပုံမှန်ဆောင်ရွက်နိုင်တဲ့ အနေအထားမျိုးရှိတယ်။”

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျာထားချက်အနေနဲ့ ပို့ကုန် ဒေါ်လာသန်း ၂၃၀ ကျော်၊ သွင်းကုန်ဒေါ်လာသန်း ၇၂၀ ကျော်၊ ကုန်သွယ်မှုဒေါ်လာသန်း ၉၅၀ လျာထားခဲ့ရာမှာ အောက်တိုဘာလမှ မေလအထိ ပို့ကုန်ဒေါ်လာသန်း ၂၈၀ ကျော်၊ သွင်းကုန် ဒေါ်လာသန်း ၅၃၀ ကျော်၊ ကုန်သွယ်မှု ၈၀၀ ကျော်ရရှိထားပြီး ဖြစ်ပါတယ်။

ရာခိုင်နှုန်းအနေနဲ့ ပို့ကုန် ၁၂၀ ရာခိုင်နှုန်းကျော်၊ သွင်းကုန် ၇၃၀ ရာခိုင်နှုန်းကျော်၊ ကုန်သွယ်မှု ၈၆ ရာခိုင်နှုန်းကျော် ရရှိထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်ကနေ ပြည်တွင်းပို့ကုန်အနေနဲ့ ပြောင်းဖူးစေ့၊ ချုပ်ပြီးအဝတ်အထည်၊ ပဲပုတ်စေ့၊ ငရုပ်သီးခြောက် စတဲ့ပစ္စည်းတွေကို အဓိက တင်ပို့နေတာပါ။

ပြည်ပသွင်းကုန်အနေနဲ့ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ဆိုင်ကယ်အပိုပစ္စည်း၊ အဖျော်ယမကာမျိုးစုံ၊ ဆေးဝါးစတဲ့ ပစ္စည်းတွေကို အဓိကသွင်းကုန်အနေနဲ့ တင်သွင်းနေတာပါ။

မဟာမဲခေါင် ၄ နိုင်ငံကုန်သွယ်မှု လမ်းကြောင်းပေါ်က မြဝတီကုန်သွယ်ရေးဇုန်ဟာ တရုတ်- မြန်မာကုန်သွယ်မှုပြီးရင် ဒုတိယကုန်သွယ်မှုအများဆုံး ပြုလုပ်နေတာဖြစ်ပြီး ကုန်သွယ်မှုဝင်ငွေ ဒုတိယအများဆုံး ရှာဖွေနိုင်တဲ့ ကုန်သွယ်ရေးဇုန် ဖြစ်ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013