DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ရှေ့တန်းက စေတနာ့ဝန်ထမ်းများ (ဓာတ်ပုံ)
DVB
·
June 5, 2020
ကိုဗစ်ရှေ့တန်းက စေတနာ့ဝန်ထမ်းများ (ဓာတ်ပုံ)
1 / 12
Donate to DVB

လှိုင်မြို့နယ်ရှိ Facility Quarantine Center တခုမှာ ပြည်ပက နေရပ်ပြန်လာသူများ၊သတ်မှတ်နေရာမှာ အသွားအလာ ကန့်သတ်မှုခံယူနေသူတချို့ မေလ ၃ရက်နေ့ မနက်ပိုင်းက နေအိမ်ပြန်ပြီးနောက် Medical Social Support Team မှ စေတနာ့ဝန်ထမ်းတွေက အဲဒီ အဆောင်တွေကို နေ့လယ်ပိုင်းမှာ သန့်ရှင်းရေး ပြုလုပ်ခဲ့ကပါတယ်။

Positive တွေ့ရှိသူနေထိုင်ခဲ့တဲ့ အခန်းတွေကို စေတနာ့ဝန်ထမ်းက PPE ဝတ်စုံဝတ်ပြီး စတင်ဆေးဖြန်းခဲ့ကြတာပါ။ အခန်းတွေကို ဆေးဖြန်ပြီးနောက် တခန်းဝင်တခန်းထွက် စောင်တွေ၊ အိပ်ယာခင်းတွေ၊ ခေါင်းအုံစွတ်တွေကို လိုက်လံလဲလှယ်ခဲ့ကြပါတယ်။

ဆေးဖြန်းသူတွေဟာ ဆေးဖြည့်ချိန်၊ ဓာတ်လှေကား ခဏတာစောင့်ဆိုင်းချိန်တွေနဲ့ ဓာတ်လှေကားအတွင်းလိုက်ပါတဲ့ အချိန်တို့မှာသာ ခေတ္တနားပြီး ကျန်ချိန်တွေမှာ အလုပ်မြန်မြန်ဆန်ဆန်ပြီးစီးဖို့နဲ့ နေရာလပ်မကျန်ဆေးဖြန်းခဲ့ကြတယ်လို့ သိရပါတယ်။

၇ ထပ်ဆောင် တဆောင်လုံး ဆေးဖြန်း ပစ္စည်းသိမ်းပြီးနောက်  စောင်တွေ၊ အိပ်ယာခင်းတွေ၊ ခေါင်းအုံစွတ်တွေ လျှော်ဖွတ်ရေး ညပိုင်းအချိန်ရောက်ရှိမှာ အလုပ်သိမ်းခဲ့ကြပါတယ်။

အခုလိုလုပ်ဆောင်တာဟာ လုပ်ရိုးလုပ်စဉ်လိုဖြစ်ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားတဲ့ကာလကနေ ဒီနေ့အထိ ၂ လကျော် အိမ်မပြန်ဘဲ စေတနာ့ဝန်ထမ်းလုပ်ကြသူတွေ ဖြစ်ကြပါတယ်။ စေတနာ့ဝန်ထမ်းလုပ်ဖို့ ကိုဗစ်ကာကွယ်ရေးအတွက် ဆောင်ရန်ရှောင်ရန်သင်တန်းတွေ တက်ရောက်ပြီးမှသာ လုပ်ဆောင်ရတာပါ။

ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် စေတနာဝန်ထမ်းတွေပါတဲ့ Medical Social Support Team ဟာ Facility Quarantine Center တွေကနေ Quarantine နေသူတွေ ပြန်လည်ထွက်ခွာပါက အဆောင်ရှင်းလင်းရေးပြုလုပ်ပေးတာ၊ သံသယလူနာတွေကို Quarantine စင်တာ ပို့ဆောင်ပေးတာ၊ နေရပ်ပြန်သူတွေကို လေဆိပ်၊ ကားဂိတ်တို့မှ Quarantine စင်တာတွေကို ပို့ဆောင်ပေးတာ၊ Positive လူနာတွေကို ဝေဘာဂီနဲ့ တခြားကုသရေးနေရာတွေကို ပို့ဆောင်ပေးတာ၊ အလှူရှင်က လှူဒါန်းတဲ့ ပစ္စည်းစားစရာနဲ့ ထောက်ပံ့ပစ္စည်းတွေကို Quarantine စင်တာတွေကို လိုက်လံ့ပို့ဆောင်ပေးတာတွေကို နေ့တဓူဝ ပြုလုပ်နေကြတာပါ။

မြန်မာနိုင်ငံမှာ ဇွန် ၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာ ၂၃၆ ဦး ရှိပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  ထုတ်ပြန်ထားပါတယ်။

Photo - JPaing / MPA  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013