DVB Logo
Home
မြန်မာသတင်း
YBS ၄၀ နှင့်တိုက်မိပြီး သေဆုံးခဲ့သည့် မောင်နှမအတွက် ကျပ်သိန်း ၄၀ ထောက်ပံ့လှူဒါန်း
DVB
·
June 4, 2020
YBS ၄၀ နှင့်တိုက်မိပြီး သေဆုံးခဲ့သည့် မောင်နှမအတွက် ကျပ်သိန်း ၄၀ ထောက်ပံ့လှူဒါန်း
Donate to DVB

YBS ၄၀ ဘတ်စ်ကားနဲ့တိုက်မိပြီး သေဆုံးခဲ့တဲ့ မောင်နှမ နှစ်ယောက်အတွက် ကျပ်သိန်း ၄၀ လှူဒါန်းထားတယ်လို့ YRTA  တာဝန်ရှိသူက ပြောပါတယ်။ 

ဇွန်လ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ကမ်းနားလမ်း၊ သင်္ဘောကျင်း မှတ်တိုင်နားမှ YBS ၄၀နဲ့ အငှားယာဉ်တိုက်မိခဲ့ရာက အငှားယာဉ်ပေါ် ပါလာတဲ့သူ  ၃ ယောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ မောင်နှမရဲ့ ကျန်ရစ်သူမိသားစုအတွက် ကူညီပံ့ပိုးမှု အလှူငွေ ကျပ်သိန်း ၄၀ ကို ဒီနေ့မနက် YRTA တာဝန်ရှိသူတွေက သေဆုံးသူမိဘတွေထံကို ပေးအပ်ခဲ့တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ 

ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ YBS ယာဉ်မောင်းဟာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ယာဉ်မောင်းဖြစ်တာကြောင့် ပြစ်မှုအတွက် YUPT ကုမ္ပဏီကလည်း သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး နေရပ်လိပ်စာ အတိအကျသိနိုင်အောင်စုံစမ်းနေသလို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

YBS ၄၀ ရဲ့ ယာဉ်လိုင်းကုမ္ပဏီဖြစ်တဲ့ YUPT ကုမ္ပဏီကလည်း သေဆုံးသွားသူတွေအတွက် ငွေကျပ် ၃ သိန်းစီ လှူဒါန်းထောက်ပံ့မှုကို ဇွန်လ ၃ ရက်နေ့က မိသားစုထံကို ပေးအပ်ခဲ့ပါတယ်။

သတင်း- သင်းသင်းဇော်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013