DVB Logo
Home
မြန်မာသတင်း
အလုပ်သမားဥပဒေမလိုက်နာသည့် အလုပ်ရှင်များကို အရေးယူရန်   ကမ်ပိန်းပြုလုပ်တောင်းဆို
DVB
·
June 3, 2020
အလုပ်သမားဥပဒေမလိုက်နာသည့် အလုပ်ရှင်များကို အရေးယူရန်   ကမ်ပိန်းပြုလုပ်တောင်းဆို
Donate to DVB

အလုပ်သမားဥပဒေတွေကို လိုက်နာမှုမရှိတဲ့ လုပ်ငန်းရှင်တွေကို အရေးယူပေးဖို့ အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေက ဒီကနေ့ ရန်ကုန်မှာ   စုပေါင်းကမ်ပိန်းပြုလုပ် တောင်းဆိုလိုက်ပါတယ်။ 

ဒီလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ မြန်မာယူနီဗျူး စက်ရုံက အလုပ်ထုတ်ခံထားရတဲ့အလုပ်သမား ၃၀၀ ကျော်ကိုယ်စား အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေက ပြုလုပ်ခဲ့တာပါ။ 

အလုပ်သမားခေါင်းဆောင်ကိုထက်လှိုင်ဖြိုးက "အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၇ ဦးအပါအဝင် ကိုဗစ်ဂယက်ကြောင့် ကုန်ကြမ်းပြတ်တယ်ဆိုပြီး အလုပ်သမားအင်အား အလျှော့ခံရတဲ့ အလုပ်သမား ၃၀၀ကျော်အတွက်ပါ စုပေါင်းပြုလုပ်တာ"လို့ ပြောပါတယ်။

ဒီကမ်ပိန်းမှာ မြန်မာနိုင်ငံရှိအလုပ်သမားဥပဒေတွေကို လေးစားလိုက်နာမှုမရှိ တဲ့လုပ်ငန်းရှင်ကို ရင်းနှီးမြုပ်နှံခွင့်မပေးဖို့၊ ဥပဒေမလိုက်နာတဲ့ အလုပ်ရှင်ကို အမြန်ဆုံးအရေး ယူနိုင်ဖို့ စတဲ့အချက် ၄ ချက် ပါဝင်ပါတယ်။

လက်ရှိမှာတော့ မြန်မာယူနီဗျူးစက်ရုံက အလုပ်ရှင်/အလုပ်သမားအငြင်းပွားမှုကို သက်ဆိုင်ရာ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့မှာ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ပြီး ပြေလည်မှုတော့မရရှိသေးပါဘူး။

သတင်း- ဇာခြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013