DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါကို ပြည်သူများမပေါ့ဆရန် စစ်ကိုင်းတိုင်းအစိုးရက အမိန့်စာ ထပ်မံထုတ်ပြန်
DVB
·
June 3, 2020
ကိုဗစ်-၁၉ ရောဂါကို ပြည်သူများမပေါ့ဆရန် စစ်ကိုင်းတိုင်းအစိုးရက အမိန့်စာ ထပ်မံထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကို လုံးဝထိန်းချုပ်နိုင်တဲ့အနေအထားမရှိသေးဘဲ ပြည်ပက ပြန်လာသူအများစုနဲ့ ပြည်တွင်းက လူတချို့မှာ ရောဂါပိုးတွေ ထပ်မံတွေ့ရှိနေတာကြောင့် ပြည်သူတွေ မပေါ့ဆကြဖို့  စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ဇွန်လ ၂ ရက်မှ ၁၅ ရက်နေ့ထိ သက်တမ်းရှိ စည်းကမ်း ကန့်သတ်တားမြစ်မိန့်တွေ ထပ်မံထုတ်ပြန်လိုက်တာပါ။ 

တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်မှာ အပြင်ထွက်တိုင်း ပါးစပ်/နှာခေါင်းစည်းတပ်ဖို့၊ ညမထွက်ရအမိန့်ဆက်လိုက်နာဖို့၊ စက်ရုံအလုပ်ရုံ၊ စားသောက်ဆိုင်ကိစ္စ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ စည်းကမ်းလိုက်နာကြဖို့ အချက် ၁၀ ချက် ပါဝင်ပါတယ်။

ဒါ့အပြင် အပန်းဖြေနေရာတွေ၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေဆိုင်တွေ၊ ပျော်ပွဲရွှင်ပွဲ၊ ပွဲလမ်းသဘင်တွေ၊ သာရေး၊ နာရေး၊ ဘာသာရေးပွဲတွေ၊ အခမ်းအနားတွေ၊ ဟောပြောပွဲတွေကို ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ခွင့်မပြုဖို့လည်း  ပါရှိပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်း Mask မတပ်ဘဲ သွားလာနေသူကို ဖမ်းဆီးတာတွေလည်း မြို့နယ်တိုင်းမှာ မတ်လ ၂၂ ရက်နေ့ကနေ စတင်ကာ လုပ်ဆောင်နေပါတယ်။ 

လက်ရှိမှာတော့ မြို့ထဲ သွားလာသူအများစုမှာ Mask တပ်ပြီးသွားလာနေကြသလို စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် အများစုကလည်း Social Diatancing ပုံစံနဲ့ ဆိုင်ထိုင် ဖွင့်လှစ်ရောင်းချနေကြပြီ ဖြစ်ပါတယ်။ 

တစ်လကျော်ကြာ ပိတ်ထားခဲ့ရတဲ့ မုံရွာကုန်စည်ဒိုင်ကိုလည်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပေမယ့် အသင်းဝင်မဟုတ်သူတွေကိုတော့ ဝင်ရောက်ခွင့် မပေးသေးပါဘူး။

ပြည်သူ့ကျန်းမာဦးစီးဌာနကနေ နောက်ဆုံးထုတ်ပြန်ထားတဲ့စာရင်းအရ စစ်ကိုင်းတိုင်းမှာ ရောဂါပိုးတွေ့ရှိသူ ၇ ယောက်ကလည်း ပျောက်ကင်းတဲ့အတွက် အားလုံးဆေးရုံက ဆင်းသွားပြီဖြစ်ကာ လက်ရှိမှာ သံသယလူနာ ၆၀ ဦး၊ Facility Quarantine Center ၁၈၅၆ ခု၊ လူဦးရေ ၅၂၃၀ ဦးရှိပါတယ်။

ဇွန်လ ၃ ရက် မနက်ပိုင်းထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ နောက်ဆုံး ထုတ်ပြန်ထားတဲ့စာရင်းအရ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ ၂၃၃ ဦး၊ ပျောက်ကင်းသူ ၁၄၃ ဦးနဲ့ သေဆုံးသူ ၆ ဦးထိ ရှိလာနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013