DVB Logo
Home
မြန်မာသတင်း
တပ်သိမ်းမြေများ တောင်သူများထံ အမြန်ပြန်ပေးရန် အရပ်ဘက်အဖွဲ့ ၂၀၀ ခန့်ပူးပေါင်း တောင်းဆို
DVB
·
June 3, 2020
တပ်သိမ်းမြေများ တောင်သူများထံ အမြန်ပြန်ပေးရန် အရပ်ဘက်အဖွဲ့ ၂၀၀ ခန့်ပူးပေါင်း တောင်းဆို
Donate to DVB

တပ်မတော်အနေနဲ့ သိမ်းဆည်းထားတဲ့မြေတွေနဲ့ လုပ်ငန်း အကောင်အထည်ဖော်ထားခြင်း မရှိတဲ့ မြေတွေကို မူလလုပ်ပိုင်ခွင့်ရှိတဲ့ တောင်သူတွေနဲ့ လက်ရှိလက်ငုပ်လုပ်ကိုင်နေတဲ့ တောင်သူတွေတွေထံ ချွင်းချက်မရှိ ပြန်လည်စွန့်လွှတ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ နီးပါးက ပူးပေါင်း တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စုနဲ့ နောင်ကျောကျေးရွာအုပ်စုက ခမရ ၄၂၃/ ၄၂၄ တပ်ရင်းက ဒေသခံတောင်သူထံ စိုက်ပျိုးမြေ၊ မြေယာ အဓမ္မသိမ်းဆည်းတာ နဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့စည်း ၁၉၃ ဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်တာဖြစ်ပါတယ်။

အဆိုပါဒေသကို တပ်မတော်တပ်ရင်း မရောက်လာခင်က ဒေသခံတောင်သူတွေအနေနဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ စိုက်ပျိုးရေးလုပ်ငန်းအမျိုးအမျိုးဟာ တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်စားသောက်နေခဲ့ကြတယ်လို့ဆိုပါတယ်။

၁၉၉၂ ခုနှစ်မှာ အဆိုပါ ဒေသကို တပ်မတော်ရောက်လာပြီးနောက်ပိုင်း တပ်အတွက်လိုအပ်တဲ့ တပ်တည်ဆောက်ရေးနဲ့ ရိက္ခာတွေကို ဒေသခံလူထုတွေက ကူညီထောက်ပံ့ခဲ့ကြတဲ့ အကြောင်းနဲ့ ဒေသခံ ရွာသားတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတာ အပါအဝင် ရွာတွေလည်း ပြောင်းရွေ့ခံရကြောင်းဆိုပါတယ်။

လက်ရှိ ခမရ ၄၂၃/၄၂၄ တပ်ရင်းမြေနေရာကို ပထမအကြိမ် သိမ်းယူခဲ့သလို အခု တရားမဝင် သိမ်းဆည်းမြေဧရိယာက  ၂၀၄၈ ဒသမ ၄ ဧက ဖြစ်နေပြီး အဆိုပါမြေဟာ ဒေသခံတွေ နှစ်စဉ်  စိုက်ပျိုးလုပ်ကိုင်လာတဲ့ မြေနေရာ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီလိုမြေသိမ်းယူရာမှာလည်း မြေယာဥပဒေအရ စနစ်တကျသိမ်းယူထားခြင်းမရှိသလို မြေသိမ်းမြေလွှဲ အမိန့်စာရင်းတွေလည်း ပွင့်လင်းစွာ ချပြခြင်းမရှိဘူးလို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

ဒါ့အကြောင့်တပ်မတော်အနေနဲ့ သိမ်းဆည်းထားတဲ့မြေနဲ့ အကောင်အထည်ဖော်ထားခြင်း မရှိတဲ့ မြေတွေကို မူလလုပ်ပိုင်ခွင့်ရှိသူတွေနဲ့ လက်ငုတ်လုပ်ကိုင်နေတဲ့တောင်သူလယ်သမားတွေထံ ပြန်လည်စွန့်လွှတ်ပေးဖို့၊ တိုင်းရင်းသားပြည်သူတွေ လက်တွေ့ကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်း မြေယာ စနစ်ကို အသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အစိုးရကိုလည်း တပ်သိမ်းမြေကိစ္စနဲ့ပတ်သက်ပြီး ဥပဒေအတိုင်း လူထု၊ တောင်သူ လယ်သမားအခွင့်အရေး မရှုံးစေရေးအတွက် အမြန်ဆုံး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး ဒေသခံ လူထုတွေကို တရားဝင်မြေယာလုပ်ပိုင်ခွင့်နဲ့ လျော်ကြေးနစ်နာကြေးရပိုင်ခွင့်တွေ ဆောင်ရွက်ပေးဖို့ လည်း တောင်းဆိုထားပါတယ်။

အလားတူ ပအိုဝ်းအမျိုးသားနိုင်ငံရေးခေါင်းဆောင်တွေကိုလည်း လက်ရှိဖြစ်ပေါ်နေတဲ့ မြေကိစ္စနဲ့ပတ်သက်ပြီး မူဝါဒလုပ်ငန်းစဉ်တွေ ပူးပေါင်းချမှတ်က ဒေသခံပြည်သူအကျိုးအတွက် ညှိနှိုင်းဖြေရှင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013