DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ စမ်းသပ် ပစ္စည်းပေါင်း ၃၀၀၀၀ လှူဒါန်း 
DVB
·
June 3, 2020
မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ စမ်းသပ် ပစ္စည်းပေါင်း ၃၀၀၀၀ လှူဒါန်း 
1 / 3
Donate to DVB

မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ စမ်းသပ်နိုင်မယ့် ပစ္စည်းပေါင်း ၃၀၀၀၀ နဲ့ ဓာတ်ခွဲနမူနာယူနိုင်မယ့် ပစ္စည်းတွေကို ဗြိတိန်၊ အမေရိကန်၊ ဆွစ်ဇာလန်နဲ့ ဆွီဒင်နိုင်ငံတို့ ပူးပေါင်းပြီး ထပ်လှူဒါန်းလိုက်ပါတယ်။

ဒီနိုင်ငံတွေက ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရေးရန်ပုံငွေ ခေါင်းစဉ်အောက်ကနေ လှူဒါန်းတာဖြစ်ပြီး ကိုဗစ်-၁၉ စမ်းသပ်ပစ္စည်း (real time PCR Test) ၃၀၀၀၀၊ ဓာတ်ခွဲနမူနာထည့်ယူတဲ့ VTM ဖန်ချောင်း ၄၈၀၀ နဲ့ နမူနာရယူရာမှာသုံးတဲ့ ပစ္စည်း Flocked Swabs အခု ၅၀၀၀ ပါဝင်ပါတယ်။

မြန်မာနိုင်ငံက တခြားဒေသတွေမှာလည်း  ကိုဗစ်-၁၉ ရောဂါကို တိုးချဲ့စမ်းသပ်စစ်ဆေးနိုင်ဖို့ ဒီရန်ပုံငွေကနေ ပံ့ပိုးပေးနေပြီး ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း  ကိုဗစ်-၁၉ စမ်းသပ်ပစ္စည်း (real time PCR Test) ၂၅၀၀၀ ကျော်၊ ဓာတ်ခွဲနမူနာထည့်ယူတဲ့ VTM ဖန်ချောင်း ၁၀၀၀၀ ကို ပေးပို့ခဲ့ပါတယ်။

ဒါ့အပြင် မေလကုန်ပိုင်းက  ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာတွေကို အလိုအလျောက်ယူနိုင်မယ့် စက် ၂ လုံးကို ထောက်ပံ့ထားခဲ့သလို လူအများအပြားရဲ့ ကိုယ်အပူချိန်ကို တပြိုင်တည်း သိရှိနိုင်မယ့် အနီအောက်ရောင်ခြည်သုံးကိရိယာကိုလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ပေးပို့ထောက်ပံ့ ထားပါတယ်။

ဒီရန်ပုံငွေအစီအစဉ်ကပဲ တကိုယ်ရည်သုံးအကာအကွယ်ဝတ်စုံ (PPE) အစုံရေ ၅၀၀၀၀ ကို လည်း ထောက်ပံ့ပေးနေပြီး ဒီထဲကနေ တိုင်းရင်းသား ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေ အတွက် အစုံရေ ၂၅၀၀၀ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ 

ဓာတ်ပုံ- Access to Health Fund

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013