DVB Logo
Home
မြန်မာသတင်း
အခြေခံပညာအထက်တန်းများကို ဇူလိုင် ၁၃ ရက်နေ့ စတင်ကျောင်းအပ်လက်ခံမည် 
DVB
·
June 3, 2020
Donate to DVB

မြန်မာတစ်နိုင်ငံလုံးက အခြေခံပညာစာသင်ကျောင်းတွေမှာ အထက်တန်းအဆင့် အတန်းတွေကို ဇူလိုင် ၂၁ ရက်နေ့ စတင်ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပြီး ဇူလိုင်လ ၁၃ ကနေ ၁၇ ရက်အထိ အထက်တန်းအဆင့်ကျောင်းအပ်နှံရေး သီတင်းပတ်အနေနဲ့ စတင်ကျောင်း အပ်လက်ခံသွားမှာ ဖြစ်ပါတယ်။

ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ချိန်မှာ ကျောင်းသား၊ကျောင်းသူတွေကို မိဘတွေရဲ့ အုပ်ချုပ်ထိန်းမှုအောက်မှာထက် မလျော့တဲ့ စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း ဖွင့်လှစ်သွား မယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

ကျောင်းအပ်လက်ခံရာမှာ ကျောင်းသားကျောင်းသူတွေကို ပုံနှိပ်စာအုပ်တွေ အခမဲ့ ဖြန့်ဝေပေးသွားမှာဖြစ်ပြီး လက်ရှိမှာ ပုံနှိပ်စာအုပ်တွေကို ကျောင်းအားလုံးကို ဖြန့်ဖြူးထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသား/ကျောင်းသူတွေ၊ ဆရာ/ဆရာမတွေနဲ့ ပညာရေးရုံးဝန်ထမ်းတွေအတွက် တဦးကို Mask ၂ ခုနဲ့ Face Shield တခုစီ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက အခြေခံပညာစာသင်ကျောင်းတွေမှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသား/ကျောင်းသူ ၉ ဒသမ ၇ သန်း၊ ဆရာ/ ဆရာမ ၄ သိန်းခွဲနဲ့ ပညာရေးဝန်ထမ်း အပါအဝင်စုစုပေါင်း ၁၀ သန်းခွဲကျော်အတွက် mask အရေအတွက် ၂၁ သန်းနဲ့ FaceShield ၁ သန်းခွဲ ပေးဝေသွားမှာပါ။

အထက်တန်းတွေကို ဖွင့်လှစ်ပြီးလို့ ကိုဗစ်−၁၉ ရောဂါနဲ့ပတ်သက်ပြီး အန္တရာယ်ကင်းရင် ၂ ပတ်အကြာမှာ အလယ်တန်းအဆင့်အတန်းတွေကို ဖွင့်လှစ်သွားမှာဖြစ်ပြီး နောက်ထပ်တစ်ပတ် အကြာမှာတော့ မူလတန်းအဆင့်အတန်းတွေကို ဖွင့်လှစ်သွားဖို့ လျာထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013