DVB Logo
Home
မြန်မာသတင်း
ခပ်ဆွေးဆွေး ခံစားနားဆင်ရမည့် ဖြိုးပြည့်စုံ သီချင်းသစ်-“မျက်ရည်မိုး”(ရုပ်သံ)
DVB
·
June 3, 2020
ခပ်ဆွေးဆွေး ခံစားနားဆင်ရမည့် ဖြိုးပြည့်စုံ သီချင်းသစ်-“မျက်ရည်မိုး”(ရုပ်သံ)
Donate to DVB

https://www.facebook.com/v7entertainment.MM7/videos/591375125121579/
       နာမည်ကြီး လူငယ်တေးသံရှင်တယောက်ဖြစ်တဲ့ ဖြိုးပြည့်စုံရဲ့ သီချင်းသစ်တပုဒ် ဒီကနေ့မှာ ထွက်ရှိလာခဲ့ပါတယ်။

       “မျက်ရည်မိုး”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေးဆရာ ကီးရှိန်းက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး V7 Entertainment က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

       “မိုးသားနဲ့ တိမ်ညိုလာရင်… အလွမ်းနာကျ… ကြိုးစားပြီး အချိန်ပိုပါရင်… ငါ့အ တွက် လွမ်းပေးပါ… စိတ္တဇနဲ့ ထိုင်ငိုနေတာ အခန်းထောင့်နား… အိပ်မရတဲ့ အချိန်တွေ မှာဆို… မိုးက သည်းလိုက်တာ”

       ဒီသီချင်းထဲမှာတော့ အလွမ်းအဆွေး ခံစားချက်တေးသွားစာသားတွေနဲ့အတူ ဖြိုး ပြည့်စုံရဲ့ ချိုအေးတဲ့ အသံနဲ့ လိုက်ဖက်ညီနေခဲ့တာကို ခံစားကြရမှာပါ။

       ဇာတ်လမ်းသရုပ်ဖော်ရုပ်သံဗွီဒီယိုအနေနဲ့ တင်ဆက်လိုက်တဲ့ ဒီသီချင်းထဲမှာတော့ ဗညားဘုန်းပြည့်နဲ့ ရည်မွန်ကြည်တို့က ချစ်သူ ၂ ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ပေး ထားခဲ့တာဖြစ်ပြီး ဒါရိုက်တာ ပြည့်ဖြိုးနိုင်(Myanmar Media 7)က ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။

       “မိုး… မိုးလေးဖွဲရင် တမျိုး… ဒီအလွမ်းနာ ပိုဆိုး… ထိန်းချုပ် မရနိုင်လို့… ဟိုး… မင်းနဲ့ တို့ရဲ့ အကြောင်းတွေ တွေးနေလို့… အို… မိုး… မိုးများသည်းရင် တမျိုး… ဒီအ လွမ်းဟာ ပိုတိုး… ကြိတ်မှိတ်ပြီး ငိုလို့… ရောထွေးပြီးတော့ စီးဆင်းသွားတယ်… ဒီမျက်ရည်နဲ့ ရွာနေတဲ့ မိုး”

       အလွမ်းအဆွေး သီချင်းတွေနဲ့ နာမည်ကြီးတဲ့ အဆိုတော် ဖြိုးပြည့်စုံဟာ မြန်မာ ပြည်ရဲ့ အောင်မြင်တဲ့ အဆိုတော်တွေ မွေးထုတ်ပေးရာ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Best Of Melody World သီချင်းဆိုပြိုင်ပွဲစင်မြင့်ကနေ ဂီတလောကထဲ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကနေ ရွက်ပုန်းသီး ဂီတအနုပညာရှင်တွေကို ရွေးချယ်မွေးထုတ်ပေးနိုင်ခဲ့ ပြီး ထက်နေကြည်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်း၊ ဂျူဝယ်လ် စတဲ့ နာမည်ကြီး တေးသံရှင်တွေ အများအပြား ထွက်ရှိလာခဲ့ပါတယ်။

ဖြိုးပြည့်စုံကတော့ ၂၀၁၀ ပြည့်နှစ် The Best Of Melody World ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့ပြီး တစ,တစ ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူဟာ အွန်လိုင်းပေါ်ကနေတဆင့် သိမ်းထားတဲ့ အချစ်၊ လရိပ်၊ မျှော်နိုင်သမျှ စတဲ့ သီချင်းလေးတွေကို မျှဝေရင်း ပရိသတ်ကြား ရေပန်းစားခဲ့ပြီး တကိုယ်တော် သီချင်းအယ်လ်ဘမ်ကိုတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိနိုင်ခဲ့ပါတယ်။

အဲဒီအယ်လ်ဘမ်နဲ့တင် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဖြိုးပြည့်စုံဟာ အတွဲသီချင်း အယ်လ်ဘမ်တွေမှာရော၊ အုပ်စုလိုက် သီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုခဲ့ပြီး ရေပန်း စားခဲ့သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013