DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့်ချိုးဖောက်သူ အမျိုးသမီး ၁၃ ဦးအပါအဝင် ၅၀၀ ကျော်  အရေးယူခံရ 
DVB
·
June 3, 2020
ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့်ချိုးဖောက်သူ အမျိုးသမီး ၁၃ ဦးအပါအဝင် ၅၀၀ ကျော်  အရေးယူခံရ 
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလ ဧရာဝတီတိုင်းမှာ  ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် အမိန့်မလိုက်နာသူ အမျိုးသမီး ၁၃ ဦးအပါအဝင် လူပေါင်း  ၅၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့  တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာ ညမထွက်ရအမိန့်တွေကို မြို့နယ်အုပ်ချုပ်ရေးတွေက ဧပြီ ၁၈ ရက်က စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဇွန် ၂ ရက်နေ့အထိ အမိန့်မလိုက်နာသူပေါင်း ၅၀၅ ဦးကို မြို့နယ်တရားရုံးတွေက ထောင်ဒဏ် ၁ လနဲ့ ထောင် ၂ လ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက "ညမထွက်ရအမိန့် ချိုးဖောက်သူ ၅၀၅ ဦး ရှိခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသမီး ၁၃ ဦးပါဝင်လာတယ်။ သူတို့ကို သက်ဆိုင်ရာမြို့နယ်တရားရုံးများက ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တွေ အပြစ်ပေးချမှတ်ခဲ့ပြီး ဖြစ်ပါတယ်"လို့ ပြောပါတယ်။

ထောင်ဒဏ်အပြစ်ပေးခံရသူတွေထဲမှာ  ပုသိမ်ခရိုင်က ၂၂၆ ဦးနဲ့ ဟင်္သာတခရိုင်က လူပေါင်း ၇၆ ဦးပါဝင်က အများဆုံးခရိုင်တွေဖြစ်ပါတယ်။ ဖျာပုံခရိုင်မှာတော့  ၅၁ ဦး၊ မြောင်းမြခရိုင်မှာ ၄၉ ဦး၊ လပွတ္တာခရိုင်မှာ ၃၃ ဦးနဲ့ မအူပင်ခရိုင်မှာ ၇၀ ဦးစသဖြင့် ဖမ်းဆီးအရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

ညမထွက်ရအမိန့်ကို မလိုက်နာလို့ ဖမ်းဆီးတရားစွဲထောင်ချခံထားရတဲ့ အမျိုးသမီး ၁၃ ဦးကတော့ ပုသိမ်ခရိုင်က ၉ ဦး၊ မအူပင်ခရိုင်က ၂ ဦးနဲ့ မြောင်းမြခရိုင်က ၂ ဦးတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

အမိန့်ချိုးဖောက်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တရားလိုပြုလုပ်ကာ  ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မြို့နယ်တရားသူကြီးတွေက  ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သတင်း-မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013