DVB Logo
Home
မြန်မာသတင်း
ဖာပွန်မြို့နယ်ရှိ  အိမ်ထောင်စု ၄၅၀ ကျော်အတွက်  မီးဖိုချောင်သုံးပစ္စည်းများ လှူဒါန်း
DVB
·
June 2, 2020
ဖာပွန်မြို့နယ်ရှိ  အိမ်ထောင်စု ၄၅၀ ကျော်အတွက်  မီးဖိုချောင်သုံးပစ္စည်းများ လှူဒါန်း
1 / 5
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဖာပွန်မြို့နယ်အတွင်းက  အခက်အခဲဖြစ်နေတဲ့ ဒေသခံပြည်သူတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက မီးဖိုချောင်သုံး စားသောက်ကုန်တွေ  ဇွန်လ ၁ ရက်က  ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ကပ်ဘေးကာလအတွင်း တပ်မတော်နဲ့ ကေအန်ယူတို့ နှစ်ဖက်ပစ်ခတ်မှုတွေအပြင် မိုင်းအန္တရာယ်တွေနဲ့ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကြောင့် ရှာဖွေစားသောက်ရေး အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၄၅၀ ကျော်ကို ပေးအပ်လှူဒါန်းခဲ့တာပါ။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ဖာပွန်မြို့နယ်တာဝန်ခံ ဦးသန်းဝင်း က “ခရီးသွား ကန့်သတ်ချက်တွေရယ် နှစ်ဖက်ပစ်ခတ်မှုတွေရယ်၊ နေ့စဉ်နီးပါး မိုင်းပေါက်ကွဲနေတာတွေကြောင့် ဒေသခံတွေ ရှာဖွေစားသောက်ဖို့ အခက်အခဲဖြစ်နေတာကိုတွေ့နေရတော့ ဖောင်ဒေးရှင်းကို အကူအညီတောင်းပြီး လှူဖြစ်တာပါ”လို့ ပြောပါတယ်။

ဖာပွန်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးစောထွန်းနေက “တချို့ ပြည်သူတွေက ပြောတယ်။ အရှေ့မှာကျတော့ ဝူဟန်အနောက်မှာ ကျည်ဆန်တဲ့။ ဂဏန်းလိုပဲ ဘေးကနေစောင်းစောင်းနဲ့ ကြည့်ပြီးတော့ သွားနေရတဲ့ဘဝတွေ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလက စတင်ပြီး တပ်မတော်က နယ်မြေလုံခြုံရေးအရ ဖာပွန်မြို့အဝင်အထွက်ကို ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း သွားလာခွင့်ပိတ်ပင်ထားသလို ကေအန်ယူက ကမမောင်း-ဖာပွန်ကြား လမ်းမကြီးပေါ် တနင်္လာနေ့နဲ့ သေကြာနေ့ ၂ ရက်တာ ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ဒေသခံတွေအနေနဲ့ ဥယျာဉ်ခြံလုပ်ကိုင်ရာမှာ မိုင်းအန္တရာယ်ကိုပါ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

စားသောက်ရေးအခက်အခဲဖြစ်နေတဲ့ ရပ်ကွက်၊ ကျေးရွာပေါင်း ၁၃ ခုက အိမ်ထောင်စု ၄၅၀ ကျော်ကို ဆန်၊ ဆီ၊ ငါးသေတ္တာ စတဲ့ မီးဖိုချောင်သုံး ပစ္စည်း ၆ မျိုးကို လိုက်လံပေးအပ်လှူဒါန်း ခဲ့ပါတယ်။

ကေအန်ယူတပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးစခန်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် နှစ်ဘ က်တင်းမာမှုဖြစ်ပွားခဲ့ပြီး  နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013