DVB Logo
Home
မြန်မာသတင်း
သဘင်ပညာရှင် ၁၂၀၀၀ကျော်ကို ကိုဗစ်-၁၉ကာလ ဆန် ၈ ပြည်စီ ထောက်ပံ့လှူဒါန်း
DVB
·
June 2, 2020
သဘင်ပညာရှင် ၁၂၀၀၀ကျော်ကို ကိုဗစ်-၁၉ကာလ ဆန် ၈ ပြည်စီ ထောက်ပံ့လှူဒါန်း
1 / 2
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး အသင်းဝင် ၁၂၀၀၀ ကျော်အတွက် ဆန် ၈ ပြည်စီ ထောက်ပံ့ပေးအပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဥက္ကဋ္ဌ  ဖိုးချစ်က ပြောပါတယ်။

“ကျနော်တို့အနေနဲ့တော့ ကာလာမခွဲဘူး သဘင်ပညာရှင်ဖြစ်ရင်ပြီးရော။ အသင်းဝင်ကတ် ဘယ်တုန်းကရှိခဲ့ ရှိခဲ့ ရပြီ။ အသင်းဝင်ကတ် မရှိတောင်မှ သဘင်သည်ဖြစ်တာမှန်ရင် ရပြီးဆိုပြီး ဒီအစီစဉ်လေးကို သီးခြားစီစဉ်ဖြစ်တာ”လို့ ဖိုးချစ်က ပြောပါတယ်။

မြန်မာနိုင်ငံဒေသအနှံ့က သဘင်ပညာရှင် လက်ရှိ စာရင်းရှိထားတဲ့ ၁၂၀၀၀ ကျော်အတွက် “ပိုသူလှူ-လိုသူကူ” ခေါင်းစဉ်နဲ့  ကိုယ်တိုင်ကိုယ်ကျ လိုက်လံပေးအပ်သွားမယ်လို့လည်းဆိုပါတယ်။ 

ချောက်မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးအောင်ဌေးဝင်းက “အခုတဖန်ထပ်ပြီး လှူဒါန်းတာက ဇာတ်သဘင်၊ အငြိမ့်၊ ဆိုင်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခြင်းမရှိတော့ဘဲ အနားယူ နေကြသူတွေ၊ လုပ်ကိုင်နေပေမဲ့လည်း စာချုပ်ဝင်ထဲ မပါတဲ့လူတွေ၊ သဘင်စာရင်းဝင်လက်ကျန်ပေါ့ ဝေငှခြင်းမရှိသေးတဲ့ သူတွေကို ထပ်ပြီးဝေတာပါ၊ ချောက်မြို့နယ်အနေနဲ့က ၇၂ ဦး ကျန်ရှိတာ ဒီနေ့လာရောက်လှူတာ”လို့ပြောပါတယ်။

လှူဒါန်းပေးအပ်မှုကို မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဖိုးချစ်၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး လူမှုကူညီစောက့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ တင်မောင်ဆန်းမင်းဝင်း၊ ဒုဥက္ကဋ္ဌ ဟန်ဇာမိုးဝင်းတို့ ပါဝင်တဲ့ အဖွဲ့က လာရောက်ပေးအပ်လှူဒါန်းခဲ့တာပါ။

ပြီးခဲ့တဲ့လကလည်း သဘင်ပညာရှင်အစည်းအရုံး(ဗဟို)ကနေ အနုပညာရှင် စည်းကမ်းချက်သုံးချက်နဲ့ ညီညွတ်သူ ၂၂၀၀၀ကျော်ကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နဲ့  ပဲတို့ကိုလည်း တစ်ကြိမ်လှူဒါန်းခဲ့ပါတယ်။

သတင်း-ကိုလင်း(ချောက်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013