DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ စတင်ရွေးချယ်မည် 
DVB
·
June 1, 2020
၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ စတင်ရွေးချယ်မည် 
Donate to DVB

လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေရွေးချယ်ဖို့ကိစ္စ စတင်လုပ်ဆောင်ဖို့ အန်အယ်လ်ဒီ ပါတီ ဗဟိုက မြို့နယ်အသီးသီးကိုညွှန်ကြားထားပါတယ်။

မေလ ၃၁ ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီ  ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ပါတီ ဒုဥက္ကဋ္ဌ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က  Video Conferencing ကနေတဆင့် ပြောဆိုခဲ့တာပါ။

“ကိုယ်စားလှယ်လောင်းတွေရွေးဖို့ မြို့နယ်ကိုလှမ်းအကြောင်းကြားတယ်။ အဆင်သင့် ဖြစ်ရင်တင်ဖို့ပေါ့။ အဲ့တော့ ရွေးကောက်ပွဲက ဘယ်တော့၊ ဘယ်နေ့လုပ်မယ်ဆိုတာ တိတိကျကျမသိဘူး။ UEC ကပြောထားတာတော့လုပ်မယ်လို့ပြောထားတယ်။ မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့တွေကို ကိုယ်စားလှယ်လောင်းရွေးဖို့အချိန်ကျလာပြီပေါ့။ ဘာလို့လဲဆိုတော့ ၂၀၁၅ တုန်းက အခြေနေပေါ်ကြည့်ပြီးတော့ ကိုယ်စားလှယ်လောင်းရွေးဖို့ အဆင့်သင့်ပြင်ထားဖို့ လှမ်းအကြောင်း ကြားတာ။”လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဒါ့ပြင် ရွေးကောက်ပွဲအတွက် အဆင့်သင့်ပြင်ထားကြဖို့၊ မြို့မိမြို့ဘရွေးပေးဖို့။ ဇွန်လ ၄ ရက်နေ့မှာ ကိုယ်စားလှယ်လောင်းရွေးချယ်ပေးဖို့၊ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်က ရွေးတာတွေကို စိစစ်ပြီး ဗဟိုကိုပို့ပေးဖို့နဲ့  ဇွန်လအပြီး ကိုယ်စားလှယ်လောင်းရွေးပေးဖို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“ကိုယ်စားလှယ်လောင်းရွေးဖို့နံပါတ်တစ်။ မြို့မိ၊ မြို့ဘ ၅ ဦးရွေးဖို့အရင်လုပ်ရပါလိမ့်မယ်။ ကိုယ်စားလှယ်လောင်း ရွေးမှာကိုမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ကရွေးပါလိမ့်မယ်။ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒါမှမဟုတ်ရင် စည်းရုံးရေးအဖွဲ့ကရွေးပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ချည်းရွေးလို့မရဘူး။ ပထမဆုံးမြို့မိ၊ မြို့ဘ ၅ ဦးရွေးပေးပါ။ ဒါကလည်း အန်အယ်လ်ဒီ ပါတီကပဲရွေးရမှာ။ အခြားသူကရွေးလို့မရဘူး။ မြို့မိ၊ မြို့ဘ ၅ဦးနဲ့၊ မြို့နယ် EC အဖွဲ့နဲ့(သို့)မြို့ နယ်စည်းရုံးရေးအဖွဲ့နဲ့ရွေးပြီးတော့ ကိုယ်စားလှယ်လောင်းကို ဦးစားပေး ၁၊ ဦးစားပေး ၂ရွေးပြီးပို့ပေးပါဆိုပြီး သတ်မှတ်ပေးလိုက်တယ်။”

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ဘယ်နေ့ ဘယ်ရက်မှာ ကျင်းပမယ်ဆိုတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခြင်းမရှိသေးပေမဲ့ လာမယ့် နိုဝင်ဘာလ အတွင်းကျင်းပမှာ ဖြစ်တယ်လို့ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။ 

သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကတော့ ရွေးကောက်ပွဲကို နိုဝင်ဘာမှာ ကျင်းပမယ်လို့ ကော်မရှင်က ပြောထားတာကြောင့် လာမယ့် ဩဂုတ်လကစပြီး မဲဆွယ်ကာလဖြစ်တယ်လို့ သတင်းထောက်တွေနဲ့ အွန်လိုင်းကတွေ့ဆုံရှင်းလင်းရာမှာ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013